ကူတွဲပြီး ထူလိုက်ကာ ဆိုင်ကိုသာ ခေါ်သွားရတော့မည်။ ဟိုရောက်မှဖြစ်ကြောင်း ကုန်စင်မေးမြန်းကြည့်ရမှာပ...။
               **********
"ရော့ ရေလေး သောက်လိုက်ပါဦး"
"ဟုတ်"
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့သူက  ကမ်းပေးလိုက်တဲ့ရေကို အငမ်းမရသောက်နေသောကြောင့်
"ဘာစားပြီးပြီလဲ တစ်ခုခု လုပ်ပေးရမလား"
မျက်လုံးလေးများ တောက်ပကာကြည့်လာပြီး
"ဟုတ် ကျေးဇူးပြုပြီး"
မီးဖိုရှေ့မှာ ခေါက်ဆွဲ ပြုတ်ပေးနေရင်း  စားပွဲဝိုင်းမှာထိုင်ကာ ဟိုဒီကြည့်နေသော ကောင်လေးက တစ်မျိုးလေးလို့ ထင်မိသည်။ အင်္ကျီ အနက်ဝမ်းဆက်ကို ၀တ်ဆင်ထားတာမို့ တစ်ခုခုတော့ တစ်ခုခုပင်။ ဗိုက်ကလည်း အနည်းငယ် စူထွက်နေတာကြောင့် ဘီယာဗိုက်လားလို့ ထင်မိသည်။ ဘုရားရေ အမျိုးသားကိုယ်ဝန်ဆောင်များလား။
"ရပြီ ညီ"
ခေါက်ဆွဲပန်းကန် ရှေ့ချပေးလိုက်တာနဲ့ ခေါင်းပင်မဖော်နိုင်အောင် စားနေပြန်တော့ ကရုဏာသက်ဝင်မိသည်။
"ဟို ညီ သက်သာသွားပြီလား"
မေးလိုက်တော့မှ စားနေရင်းကနေခဏရပ်ကာ ဗိုက်ကလေးကို ပွတ်ရင်း
"ကိုယ်ဝန်ဆောင်နေချိန် တစ်နေ့လုံးပင်ပန်းလိုက်ရလို့နေမယ်။ အခုတော့နေသာသွားပါပြီ။ နားလည်းနားလ်ိုက်ရသလို၊ ဗိုက်လည်းပြည့်သွားလို့"
"ဟမ် ညီက ကိုယ်ဝန်"
"ဟုတ်"
"ဟောဗျာ ဒါကို ညကြီးအချိန်မတော်ညီရာ ဘာလို့ ဒီကိုရောက်နေရတာလဲ"
သိချင်စိတ်ဖြင့် မေးမိတော့ မျက်နှာလေး အနည်းငယ် ညှိုးငယ်သွားပြီး
"ကလေးအဖေရဲ့ အရိုးပြာကို လာမျှောတာပါ"
"ဘယ်လို အာ~~~ တောင်းပန်ပါတယ်"
"ရ...ရပါတယ် ကျွန်‌တော်လည်း ရင်ဖွင့်ချင်နေတာ။ ဟင့် ကိုကြီးက အဲ့လို လူမျိုးမဟုတ်ပါဘူး။ ဒါကို ဟင့် သူ‌ဌေးရဲ့ သမီးကိုပြန်ပေးဆွဲပြီး သူ့ကိုယ်သူ သတ်သေသွားတယ်တဲ့။ မဟုတ်တာကြီးကို လူတွေက ပြောနေကြတာ။ ဟင့် ကိုကြီးက ကျွန်‌တော်နဲ့ကလေးကို ထားသွားမှာမှ မဟုတ်တာကို၊ ကိုကြီးဘယ်လောက်ဖြူစင်လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း သိနေတာကို ဟင့်"