Part-29 (Unicode)

Start from the beginning
                                    


"အန်တီထင်သလိုမဟုတ်ဘူး..ကျွန်တော်. သက်ဝေယံကိုစောင့်နေတာ.."


ကမန်းကတန်းဖြေရှင်းချက်ပေးလိုက်တော့မှ


"ေဩာ်..သားငယ်လေးကိုလား??"


"ဟုတ်.."


အဲ့တော့မှ ထိုအန်တီက အားနာသွားတဲ့မျက်နှာလေးနဲ့


"ေဩာ်..အန်တီကမသိပါဘူးကွယ်ဘေးခြံကလူတွေက ဖုန်းလှမ်းဆက်ပြီးပြောတာနဲ့.."


ေဩာ်..ေဩာ်..ဘေးခြံကလူတွေကပါဖုန်းလှမ်းဆက်ပြီးသတိပေးတာခံရတဲ့အထိဟိန်းထက်ယံကိုယ့်ကိုယ်ကိုတောင် ပြန်သနားချင်သွားသည်..။


"သားသူငယ်ချင်းဆိုရင်ဖြင့်အိမ်ထဲဝင်စောင့်လေကွယ်..သားငယ်လေးကရေချိုးလို့တောင်မပြီးသေးဘူး.."


ပြောပြီး သူ့ခြံထဲဝင်ခိုင်းတော့မှဟိန်းထက်ယံသက်ပြင်းချနိုင်သည်..။မဆိုးပါဘူး..ယောက္ခမလောင်းကြီးကသဘောတော့ကောင်းသား။ဟိုကလေးနဲ့များကွာပ..။သူ့ကိုဒီလောက် လိုက်ပို့လိုက်ကြိုလုပ်ပေးတာတောင်ခုသူ့အမေ ခေါ်မှအိမ်ပေါ်တက်ရတဲ့ဘဝ။ဧည့်ခန်းထဲသို့ဦးဆောင်ပြီးခေါ်သွားတဲ့သက်ဝေယံအမေနောက်ကနေ ဟိန်းထက်ယံလိုက်သွားသည်..။


"အန်တီ့နာမည်က ဒေါ်ဝင်းလဲ့ရီတဲ့.."


"ဟုတ်.."


"သားနာမည်က.."


"ဟိန်းထက်ယံပါ..အန်တီ.."


"ေဩာ်..သားသားခဏခဏပြောဖူးတယ်..ဒီမှာ.ဝင်ထိုင်လေကွယ်.."


ဧည့်ခန်းမှာထား,ထားတဲ့ဆတ်တီခုံတွေထဲမှညွန်ပြတဲ့ခုံမှာဟိန်းထက်ယံဝင်ထိုင်လိုက်သည်..။


"မေမေရေ!!!"


ဒေါ်ဝင်းလဲ့ရီပါ ဝင်ထိုင်ဖို့ရှိသေး..အပေါ်ထပ်ဆီမှသက်ဝေယံ၏အသံကစူးခနဲထွက်ပေါ်လာသည်..။

L❤VE in the 1st sight(Completed)Where stories live. Discover now