Part-24 (Unicode)

Start from the beginning
                                    


"အဲ့တာပြောတာ..မမကျွန်တော်ကအကောင်းနဲ့ကျွေးတာကိုသူကမစားဘူး.."


နူတ်ခမ်းလေးစူထော်ပြီး..မကျေမနပ်နဲ့ပြောနေတဲ့အဲ့ကလေး လေသံ မှာစိတ်မသက်မသာ ဖြစ်တဲ့ အငွေ့အသက်တွေမခံစားရတာမို့ဟိန်းထက်စိတ်အေးရပါသည်..။ဟိန်းထက်ယံရဲ့မျက်နှာကွက်ခနဲတစ်ချက်ပျက်သွားတာကိုမြင်တော့ ခက်သဇင် ရှေ့ကcolaခွက်ကိုယူသောက်လိုက်ရင်း ခပ်ထေ့ထေ့ပြုံးလိုက်မိသည်..။ခက်သဇင်ထိုင်နေတဲ့နေရာကသူတို့နှစ်ယောက်လုံးကို ကောင်းကောင်းမြင်နေရတဲ့နေရာခုနကခက်သဇင်ဘေးကနေဟိန်းထက်ယံကိုအတင်းလက်ဆွဲခေါ်ပြီးနေရာပြောင်းထိုင်ပစ်တဲ့သက်ဝေယံကိုပင် ကျေးဇူးတင်ရမလားမသိ..။


"ဟိုမှာကြည့်စမ်း..."


ခပ်တိုးတိုးအသံတစ်ခုကြောင့်ဘာရယ်မဟုတ်ဘဲ ဟိန်းထက်ယံရောသက်ဝေယံပါ လှမ်းကြည့်လိုက်မိသည်..။မှန်တံခါးရဲ့တခြားတစ်ဖက်ဆီကCouple Shirtလိုမျိုးအကျႌဆင်တူလေးဝတ်ပြီးလမ်းလျှောက်နေသော Gay Couple..။ဘေးကကောင်လေးနဲ့ယှဉ်ရင်အရပ်မဆိုစလောက်လေးပိုပုတဲ့ကောင်လေးလက်မှာကဝက်ဝံရုပ်ခပ်ကြီးကြီးလေးကိုင်ထားသည်..။သူတို့နှစ်ယောက်ရဲ့အထိမ်းအမှတ်နေ့လေးတစ်ခုကိုဖြတ်သန်းနေပုံရသည်..။ရီရီမောမော စလိုက်နောက်လိုက်နဲ့သူတို့အတွဲရဲ့ဟန်ပန်လေးတွေကြောင့်ဟိန်းထက်ယံပင် မသိစိတ်ကကြည်နူးလာရသည်..။သူရော..ဆိုတဲ့အသိလေးတစ်ခုနဲ့ဘေးကကလေးကိုလှည့်ကြည့်မိသည်..။မေးလေးထောက်ပြီးအဲ့coupleဘက်ကိုငေးနေသောကြောင့်သူ့မျက်နှာလေးအစားအနက်ရောင်ဆံနွယ်ပျော့ပျော့လေးတွေကိုသာမြင်ရသည်လေ..။


"သောက်ရူးတွေပါကွာ..ယောကျင်္ားချင်းဘယ်လို ခံစားကြလဲနားမလည်နိုင်တာ.."


အကိုပြည့်စုံအောင်၏စကားအဆုံးမှာဟိန်းထက်ယံလက်ထဲကကိုင်လက်စကြက်သားတုံးကခြင်းထဲလွတ်ကျသွားသည်..။အားလုံးအဲ့အတွဲပေါ်အာရုံရောက်နေသည်မို့ဘယ်သူမှတော့သိပ်သတိမထားလိုက်မိ..။ဖြိုးပြည့်ပြည့်မောင်ကမျက်နှာတစ်ခုလုံးကိုရူံ့မဲ့ပြီး..

L❤VE in the 1st sight(Completed)Where stories live. Discover now