ဝင်းမြင့်ကသာလန့်သွားရတာ..။ဘေးနားကဟိန်းထက်ယံကတော့ခုထိကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေဆဲ..။ငေးမောနေသည့်မျက်ဝန်းများသည်လည်းအရောင်တွေမှိန်ဖျော့နေလေသည်..။


"ငါကတော့မဖြည်းနိုင်ဘူး ဝင်းမြင့်အဲ့ကိစ္စသာပြန့်သွားရင် ငါတို့ 3rd yrရဲ့မရှိမဲ့ ရှိမဲ့ အရှက်တွေ အကုန်ကွဲကုန်မယ်..ဟမ်...အဲ့လိုသွားလုပ်စရာလား???"


ECမ အော်ပြောနေသောအသံကခုနှစ်အိမ်ကြားရှစ်အိမ်ကြား..။တော်သေးသည်ပေါ့..OSအချိန်သွားတက်နေသည်မို့ အတန်းထဲကလူမရှိသည်မို့


"ကျောင်းဆင်းမှပြောတာလေဟာ..အဲ့အချိန်ဘယ်သူမှမရှိပါဘူး..ငါကိုယ်တိုင်သေချာစောင့်ကြည့်နေတာပါ.."


"သေချာတယ်နော်အဲ့ကိစ္စပြန့်လို့ကတော့..နင်နဲ့ငါနဲ့တွေ့မယ်.."


"သေချာပါတယ်ဆိုနေ.."


မယုံသလိုလို မသင်္ကာသလိုမေးနေသည့်အပြင်လူကိုပါခြိမ်းခြောက်နေသောECမကိုသက်သေထူနေရသေးသည်.။ဒါတောင်..ခါးထောက်ပြီး..အံတကြိတ်ကြိတ်ဖြစ်နေပုံကသိပ်ကျေနပ်သေးပုံမရ..။


"နေပါအုံး..အဲ့ကလေးကတခြားသူတွေကိုသွားပြန်ပြောပြီး ပြန့်သွားရင်ဘယ်လိုလုပ်မလဲ?"


"သူအရှက်ကွဲမယ့်ကိစ္စကိုမပြောလောက်ပါဘူးဟာပြီးတော့သူလဲယောကျင်္ားလေးဘဲ..ပါးစပ်မဖွာလောက်ပါဘူး.."


မျက်မှောင်ကိုအစွမ်းကုန်တွန့်ချိုးထားသည့်ပုံကိုကြည့်တည်းက ECအလိုမကျမှန်းပေါ်လွင်နေပြီးသား။


"ကဲပါ ..ECရယ်နင်ကလဲ..ဒီကနင့်သူငယ်ချင်း All kingကြီးအရူးတစ်ပိုင်းဖြစ်နေတာကိုစာနာအုံး.."


ဝင်းမြင့်ပြောလိုက်တော့ECမသည် ဟိန်းထက်ယံဘက်ကိုစောင်းငဲ့ကြည့်သည်..။အသိစိတ်လွတ်နေသည့်လူလိုဖြစ်နေသောဟိန်းထက်ယံကိုကြည့်ပြီး ECမ ပင် သနားသွားမိသလို စုတ်တစ်ချက်သပ်ပြီး

L❤VE in the 1st sight(Completed)Where stories live. Discover now