Misfortune (Extra-Warning )
သာယာလှပသော Cox Bay၏ မနက်ခင်းတစ်ခု...
Carterနှင့် Aliceတို့...လက်ထပ်ခဲ့ကြပြီးနောက်.. Tofino ရှိNathan အိမ်တွင် မနေဖြစ်ကြတော့။ မင်္ဂလာဦးအဖြစ်ဝယ်ယူခဲ့ကြသော Cox Bayရှိ.. ပင်လယ်ကမ်းနဘေးတွင်.. လှပသောပင်လယ်ပြင်ကို တံခါးဖွင့်တိုင်းမြင်တွေ့နိုင်သည့် အိမ်တစ်လုံးဝယ်ယူခဲ့ကြသည်။Aliceကပင်လယ်ပြင်နှင့်သဲသောင်ကို နှစ်သက်မှန်းသိသော Carterတစ်ယောက် Aliceစိတ်တိုင်းကျ ဝယ်ယူခဲ့သည်ဆိုလျှင်မမှားပေ။
ထိုအိမ်ဝန်းထဲတွင်တော့.. ပန်းအိုးအစီအရီဖြင့် စိုက်ပျိုးထားသော ဘွန်ဆိုင်းပြုလုပ်ထာသည့် မက်မုံပင်ငယ်များလဲ ရှိနေသည်။ ထိုမက်မုံပင်ငယ်များကိုတော့ Carter တရုတ်မှ လှမ်းမှာထားခဲ့သော တရုတ်မက်မုံပင်များဖြစ်သည်။ မက်မွန်ပန်းသည် သူနှင့် Aliceအတွက် အဓိပ္ပါယ်များစွာရှိသည်မဟုတ်ပါလား။
Aliceကိုလက်ထပ်ခွင့်တောင်းစဉ်တုန်းကလဲ မက်မုံပန်းများကို တရုတ်မှ Flightနှင့်တကူးတကမှာယူခဲ့ခြင်းဖြစ်လေသည်။
တူတူ..တူတူ
တူတူ..တူတူမနက်(၇)နာရီထိုးတိုင်းမြည်တတ်သော စားပွဲပေါ်မှ နှိုးစက်သံကြောင့် Carterနှိုးစက်ကိုလှမ်းပိတ်ကာ အိပ်ရာမှထရန်ပြင်လိုက်သည်။ သူ့လက်မောင်းကိုခေါင်းအုံး၍ ပုစွန်ထုတ်လိုကွေးကွေးလေး အိပ်ပျော်နေသည့် Alice၏ နဖူးလေးနှင့် ပါးမို့လေးကိုနမ်းလိုက်လေသည်။ ထို့နောက်... နားရွက်လေးကိုခက်ဆတ်ဆတ်ကိုက်ကာ အသက်ရှုသံ ခပ်ပြင်းပြင်းလေး.. Aliceနားဝနားတွင် ရှိုက်သွင်းလိုက်လေသည်။
Aliceက.. "အင်..ဟင်....”
ဟုတစ်ချက်အသံထွက်ရင်း.. သူ့မျက်လုံးများကိုမဖွင့်ဘဲ Carterလက်မောင်းပေါ်မှ ခေါင်းဖယ်လိုက်ကာ တဖက်သို့လှည့်သွားလေသည်။ ထို့နောက် စောင်ကိုပါဆွဲခြုံလိုက်ပြီး.....အိပ်ချင်မူးတူးသံဖြင့်....
"အလုပ်သွားတော့...”
ဟုဆိုလိုက်လေသည်။ Carterက တဖက်လှည့်သွားသော Aliceဦးခေါင်းလေးအား တစ်ချက်နမ်းပြီးနောက်... ရေချိုးခန်းသို့ဝင်ခဲ့လေတော့သည်။Carter.. ရေချိုးခန်းကထွက်လာချိန်တွင် မျက်လုံးမဖွင့်သေးဘဲ ငိုက်မြည်းနေသည့် Aliceက တဘက်အဖြူကိုကိုင်ကာ နံရံကိုမှီ၍ စောင့်နေလေသည်။
YOU ARE READING
Misfortune (Complete)
Fantasyကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့ကိုယ်ငါတောင်မသိတော့ဘူး.. (ရှောင်စင်း) (Own Creation.. no translation) ကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့က...