Misfortune ( Part 18)

6.1K 635 12
                                    

Misfortune ( Part 18)

တရိပ်ရိပ်ပြေးနေသော ကားပြတင်းမှန်မှ အပြင်ဘက်ကိုငေးရင်း.. လိုက်ပါလာသူက ရှောင်စင်း..
(၁၂)နှစ်တာမရောက်ဖြစ်သည့် Tianjinမြို့ခရီး...

လမ်းဘေးဝဲယာမှ..စိမ်းစိုနေသောတောတန်းများ ရှု့ခင်းသာများက သာယာလှပသော ခရီးတစ်ခုဟု ဆိုနိုင်သော်လည်း ပတ်ဝန်းကျင်ကို သတိမမူမိသော ရှောင်စင်းအတွေးထဲတွင် အတန်ကြာမေ့ထားဖြစ်ခဲ့သော အကြောင်းအရာများကတဝဲဝဲလည်နေသည်။

"ဝူး...ဝေါ....”

ရှောင်စင်း..မိမိတို့ကားဘေးမှ ဖြတ်သွားသော ဆယ်ဘီးကားကြောင့်.. ရှောင်စင်း.. အနည်းငယ်လန့်သွားလေသည်။

ရှောင်စင်းကိုသတိထားကြည့်နေသော.. ထျန်းက ရှောင်စင်းလက်ဖဝါးလေးအား.. ကိုင်လိုက်ပြီး...အနည်းငယ်ဖျစ်ညှစ်လိုက်ကာ...

           "အများကြီးမစဉ်းစားပါနဲ့... အတိတ်ဆိုတာ.. ဘ်ာလိုမှ ပြင်မရတဲ့..အရာလေ..ပြင်မရတဲ့အတူတူ မေ့ထားလိုက်ပါ... မင်းဘေးမှာကိုယ်ရှိပါတယ်...”

           "အင်း....”
ရှောင်စင်း.. ထျန်း၏ပခုံးပေါ်သို့မှီလိုက်ပြီး.. မျက်လုံးအစုံကိုမှိတ်ထားလိုက်လေတော့သည်။

ကိုယ့်ကို ယုံကြည်ပေးပါ.. မိုးကောင်းကင်ကိုတိုင်တည်ပြီးသစ္စာဆိုလိုက်မယ်.. အချိန်တွေဘယ်လိုဘဲကုန်ဆုံးသွားပါစေ.. မင်းအနားမှာအမြဲရှိမယ်..
မင်းလက်ကလေးကိုထာဝရတွဲထားပါမယ်..
ဟုတွေးလိုက်ရင်း..စင်းနဖူးလေးအား..အနမ်းတစ်ပွင့်ခြွေလိုက်လေသည်။

ကားမောင်းနေသော ဆရာကျန်းက ကားနောက်ကြည့်မှန်မှ ထျန်းတို့အား..လှမ်းကြည့်ရင်း

ဝိုး....မြင်ကွင်းလေးက Roလိုက်တာ ဟီး..
ဟုဆိုလိုက်သည်။ထို့နောက်..ကားထဲမှ radio line အားဖွင့်လိုက်လေသည်။ လာနေသောသီချင်းသံက Jackie Chanနှင့် Kim Hee Seonတို့ဆိုထားသော Wujin De Ai (အဆုံးမဲ့ချစ်ခြင်း).. ဖြစ်သည်။

jie kai wo
ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ..

zui shenmi de dengdai
ပဟေဌိဆန်တဲ့စောင့်မျှော် မှုကနေပေါ့

xingxing zhuiluo feng zai chui dong
ကြယ်ကြွေပြီး လေတွေတိုက်ခတ်နေခဲ့လဲပဲ

zhongyu zai jang ni yong ru huai zhong
နောက်ဆုံးတော့ မင်းကိုငါ့လက်တွေနဲ့ထွေးပွေ့နိုင်ခဲ့ပြီ

Misfortune (Complete) Where stories live. Discover now