Misfortune (Part 14)
"Beee...Beee.... Beee...”
"Hello........ဟုတ်ကဲ့..Boss... ခင်ဗျာ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အာ..ဟုတ်ကဲ့..ကျွန်တော်..သူ့မန်နေဂျာ တစ်ယောက်အနေနဲ့ အကုန်ဖြေရှင်းပေးပါမယ်....ဟုတ်ကဲ့..ဟုတ်ကဲ့........ဟုတ်”မနက်စောစောစီးစီး ဝင်လာသော သတင်းဆိုးကြောင့် ရှောင်စင်း၏ ဦးလေး.. ရှောင်စင်း၏ အခန်းရှေ့သို့ ကမန်းကတန်း ပြေးလာခဲ့လိုက်မိသည်။
"ရှောင်စင်းရေ.... ရှောင်စင်း.... ပြသနာဖြစ်ပြီကွ.... ထ..ထ.. မင်း..internet ဖွင့်ကြည့်စမ်းပါအုံး”
ရှောင်းစင်း အိပ်မှုန်သုန်ဝါးနှင့် ထလိုက်ရင်း စားပွဲပေါ်မှ Tablet ကိုယူကာ internet ဖွင့်ကြည့်လိုက်မိသည်။
ဆက်တိုက်လိုလို..မပြတ်တမ်းတက်လာနေသော
သတင်းများ ကောင်းကွက်တစ်ခုမှမရှိ။Gayမင်းသား..သူ့ချစ်သူနှင့်အတူ ခရီးထွက်
ဆိုသည့် စာသားနှင့်.. ထျန်းအားသူမုန့်ခွံ့နေသည့်ပုံကိုတွေ့လိုက်ရသည်။(Lanzhou တွင်..မနက်စာစားခဲ့စဉ်ကပုံ...)
အရက် Barတွင်မရှောင်.. ကျီစယ်ခြင်း
ဆိုသည့် captionနှင့်.. ထျန်းကို..လည်ပင်းမှ သိုင်းဖတ်ထားသော.. သူ့ပုံ....။ထို့နောက်....
Dating with his boyfriend in Hotel
ဆိုသော Captionနှင့်... ထျန်းနှင့်သူ ဟိုတယ်ခန်းမှ ထွက်လာသောပုံများ....။အား......
ရှောင်စင်း...သူ့ဆံပင်များကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ထိုးဖွရင်း.. အာခေါင်ခြစ်အော်လိုက်လေသည်။သူလျှောက်လှမ်းလာသော အနုပညာလမ်းတစ်လျှောက် အကြီးမားဆုံး မှားယွင်းမှု့တစ်ခု...
ထိုမှားယွင်းမှု့ကြောင့် သူ့တွင်ပိုင်ဆိုင်သော အရာအားလုံး.. ဆုံးရှုံးရတော့မည်မှန်း.. သူနားလည်မိလိုက်တော့သည်။ရှောင်စင်း.. ခေါင်းအုံးပေါ်မျက်နှာမှောက်အိပ်လိုက်ပြီး လက်သီးများလဲ တင်းနေအောင်ဆုတ် ထားလိုက်သည်။
ဒီတစ်နှစ်က.. သူ့ဘဝအတွက်.. အရေးအကြီးဆုံး အရာများ.. ဆုံးရှုံးသွားရသည့်နှစ်တစ်နှစ်...
နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော အောင်မြင်မှု့ နန်းတော်ကြီး.. ပြိုကျသွားသောနှစ်...
သူမည်သူကိုအပြစ်တင်ရမယ်မှန်း.. မသိတော့ပေ။
YOU ARE READING
Misfortune (Complete)
Fantasyကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့ကိုယ်ငါတောင်မသိတော့ဘူး.. (ရှောင်စင်း) (Own Creation.. no translation) ကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့က...