Misfortune ( Part 30)

4.6K 475 12
                                    

Misfortune ( Part 30)

"ထျန်း.....”
ဟူသောဖျော့တော့သည့် စင်း၏ခေါ်သံနှင့်အတူ..စင်းကသူ့အားနောက်ကျောမှနေ၍ သိုင်းဖက်လိုက်သည်ကို ခံလိုက်ရလေသည်။

ထျန်းငြိမ်သက်စွာရပ်နေမိသည်။ စင်းက သူ့မျက်နှာကိုထျန်းကျောနှင့်ကပ်ထားလိုက်ပြီး...
            "ကျွန်တော်..ခင်ဗျားကိုချစ်တယ်..... ခင်ဗျားမရှိဘဲ..ကျွန်တော်မနေနိုင်ပါဘူး... ခင်ဗျား.. ကျွန်တော့်ကို မထားခဲ့ပါနဲ့လား.. ကျွန်တော်တို့.. အရင်လို.. ပြန်ပြီး ချစ်သူတွေဖြစ်ကြရအောင်လေ...ကျွန်တော့်ကို.. ခင်ဗျားချစ်သူ ပြန်ဖြစ်ခွင့်ပေးပါနော်...”

စင်း..ရှိသမျှသောမာနတရားတို့ကို ခဝါချရင်း ထျန်းကိုသူ့ရင်ထဲရှိသမျှ​ပြောလိုက်သည်။ ချစ်ရသူ၏ ပစ်ပယ်မှု့ ခံထားရပါလား..ဆိုသည့်အသိနှင့်.. သူ့မျက်ဝန်းမှ မျက်ရည်များ..ပိုးပိုးပေါက်ပေါက်ကျလာလေသည်။

ထျန်း..ကျောလေးမှ ပူနွေးစိုစွတ်သောအထိအတွေ့ကြောင့်.. ထျန်းမျက်လုံးအစုံမှိတ်ရင်း.. အားတင်းထားမိသည်။ စင်းကိုအရှုံးပေး၍မဖြစ်.. စင်းကိုသူထပ်မံပက်သက်မိလျှင် စင်းဘဝ ပြန်လည်နလံထူနိုင်မည်မဟုတ်ပေ။

သူ့ဝါသနာ..သူ့ဘဝဖြစ်သောအနုပညာအလုပ်ကိုဆုံးရှုံးရပြီး.. မကြာမီသူကပါ.. ပြန်ရတော့မည်ဆိုလျှင်.. စင်းအတွက်တရားမည်မဟုတ်ဟု..သူတွေးမိသည်။

သူ...ငါ့ကိုသေချာပေါက်..ဆုံးရှုံးခဲ့ရင်တောင်..
သူ့ဘဝလေး.. သာယာဖြောင့်ဖြူးဖို့တော့...
ငါကူညီပေးသင့်ပါတယ်လေ...။

ထျန်း..စင်း၏လက်များအား.. ဆွဲဖြုတ်လိုက်ရင်း သူ့မျက်နှာကိုတည်လိုက်ကာ..စင်းဘက်သို့လှည့်လိုက်သည်။
             "တော်တော့..စင်း... ကလေးလိုလုပ်မနေနဲ့ ငါမင်းကို.. ပြောပြီးပြီလေ.. မင်းနဲ့ပြတ်စဲပြီလို့... ငါသေသေချာချာပြောခဲ့တယ်လေ.. မင်းကယောက်ျားတစ်ယောက်မဟုတ်ဖူးလား.. ဘာလို့..မျက်ရည်ကျပြီး..တောင်းပန်နေရတာလဲ.. ငါလုပ်နေတာတွေက..မင်းအတွက်ဆိုတာနားမလည်ဘူးလား... မင်းစိတ်ကို..မင်းထိန်းစမ်း... အခုငါသွားနှင့်မယ်... မင်းဆီကို..ဦးလေးယွမ်လီလွှတ်ပေးမယ်... ဟုတ်ပြီလား...”

Misfortune (Complete) Where stories live. Discover now