Misfortune ( Part 1)
ကောင်းကင်ဘုံ၏ ဥယျာဉ်တော်
ကောင်းကင်ဘုံ၏ ရှစ်ခုသော ဝင်ပေါက်မုခ်ဦးများတွင် အရောင်စုံလင်သော ပန်းအမျိုးပေါင်းသောင်းချီကာ တန်ဆာ ဆင်ထားမှု့ကြောင့် လှပတင့်တယ်လွန်းနေသည်။ မွှေးပျံ့သောပန်းတို့၏ ရနံကလဲ တလောကလုံးကို ပြုစားနေဟန် ချိုမြမွှေးကြိုင်နေသည်။
ကောင်းကင်ဘုံပထမတံခါးအဝင်တစ်ဖက်တွင် ကြည်လင်နေသော ရေကန်ကြီးတစ်ခုရှိပြီး ကြာမျိုးပေါင်းစုံ နွယ်ယှက် ပေါက်ရောက်ကာ သူ့ထက်ငါ အလှပြိုင်နေကြသည်။ ထိုရေကန်ကြီးအနီး၌ မက်မွန်ပန်းများ ဝေဝေဆာဆာပွင့်ဖူးနေသည့် မက်မွန်ဥယျာဉ်ကြီးကလဲ ကောင်းကင်ဘုံကိုအလှဆင်နေပြန်သည်။
ထိုလှပတင့်တယ်သော နေရာသည် အခြားမဟုတ်။ ကောင်းကင်ဘုံပထမဝင်ပေါက်ရှိ ဆောင်းရာသီ ဥယျာဉ် တစ်ခုဖြစ်ပေတော့သည်။ သာမန်အချိန်များထက် ပိုမိုထူးကဲ၍ လှပသော ပန်းအရောင်စုံများ ပွင့်လန်းနေရခြင်း အကြောင်းတရားကရှိနေသည်။
ထိုအကြောင်းတရားကား.ကောင်းကင်ဘုံ နတ်မင်းကြီး၏ သားတော်ကြယ်တာရာနတ်သား အနှစ်နှစ်သောင်းပြည့် မွေးနေ့ဖြစ်သောကြောင့်တည်း။ထိုပွဲတော်ကို ပြင်ဆင်ရန်တာဝန်ယူရသူက နတ်သားလေးကျင်းဟုန်ဖြစ်လေသည်။ သူ၏ နတ်သက်(၄၀၀)အတွင်း ပထမဆုံးသော ဆောင်ရွက်ရသည့် တာဝန်တစ်ခု ဖြစ်သောကြောင့် တက်ကြွစွာ၊ စိစစ်စွာလုပ်ကိုင်နေလေသည်။
"သေချာဂရုစိုက်ကြပါ... မကြာခင်..ကောင်းကင်ဘုံနတ်မင်းကြီးကြွချီလာတော့မှာ မို့လို့.... ဘာအမှားအယွင်းမှမဖြစ်ပါစေနဲ့...”
"ကောင်းပါပြီရှင့်..”
မကြာမီ...
ကောင်းကင်ဘုံနတ်မင်းကြီးတို့ ရောက်လာသည်နှင့် ပျော်ပွဲ ရွှင်ပွဲများ စတင်ကျင်းပခဲ့ကြလေတော့သည်။ သာယာငြိမ့်ညောင်းသော ဗျက်စောင်းသံမှ တေးသံများနှင့် ကချေသည်နတ်သမီးတို့က လေယူရာယိမ်းနေသည့် ပန်းပွင့်လေးများကဲ့သို့ ယိမ်းနွဲ့ကခုန်ရင်း လှချင်တိုင်း လှနေကြလေသည်။
YOU ARE READING
Misfortune (Complete)
Fantasyကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့ကိုယ်ငါတောင်မသိတော့ဘူး.. (ရှောင်စင်း) (Own Creation.. no translation) ကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့က...