Misfortune ( Part 64 )
"အိုင်းရား.... ”
ရှီဝူးသမားတော်က အားစစ်ဆွဲထားသော သူ့အင်္ကျီလက်ကို ပြန်ဆွဲယူရင်း....
"ငါမပါလို့မရဘူးလားကွာ.... ”"မရလို့ပေါ့... ရှီဝူးသမားတော်ရယ်.. သမားတော်က ကောင်းကင်နိုင်ငံတော်မှာ အတော်ဆုံးသော သမားတော်မို့လား..စိတ်ကောင်းစေတနာကလဲရှိ.. ရုပ်ရည်လေးကလဲ.. ခန့်ညားလိုက်တာ... ”
"တော်...တော်...အားစစ်...မြှောက်ပင့်ပြောနေတာတွေတော်လိုက်တော့..ဟင်း....”
ခါးထောက်ကာ တစ်ဖက်လှည့်သွားသော ရှီဝူးသမားတော်ကြောင့် အားစစ် ရှီဝူး၏ ခြေသလုံးကိုဖက်လိုက်ပြီး
"အိုင်းရား.... သူငယ်ချင်းရယ်.. မင်းကိုက ကံဆိုးလွန်းပါတယ်... ဒီလောက်အခက်အခဲတွေများနေတာတောင်..မင်းအပေါ်မငဲ့ညှာတဲ့... စိတ်ဓာတ်မကောင်းတဲ့သူတွေနဲ့ချည်းတွေ့နေရတယ်လို့... ငါတော့မင်းကိုသနားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲကွာ...အီးဟီးဟီး....”
အားစစ်၏စကားကြောင့် ရှီဝူးခေါင်းကိုတဗျင်းဗျင်းကုပ်လိုက်လေသည်။ အားစစ်ပြောစကားက သူမကူညီရင်.. သူကစိတ်ဓာတ်မကောင်းသူထဲ ပါသွားမည်မဟုတ်ပါလား။ အမှန်တကယ်ပြောရလျှင် နတ်မင်းငယ်နှင့်ကျင်းဟုန်တို့ နှစ်ယောက်ကို သူအမှန်တကယ် သနားမိသည်။ ကြယ်တာရာမင်းကြီး၏ ရက်စက်မှု့ကိုလဲ မနှစ်သက်။ သူ့ခေါင်းထဲ၌ ဆုံးဖြတ်ချက်က လွန်ဆွဲနေခဲ့သည်။
"အာ..ဒုက္ခပါဘဲကွာ....ဟူး...မင်းကိုငါအရှုံးပေးပြီ..ဟုတ်ပြီလား....မင်းလိုတာ ဆေးလေးမျိုးဘဲမို့လား.... ”
"ဟုတ်တယ်... ဆေးလေးမျိုးဘဲပေး... နောက်ထပ်ဘာမှထပ်လုပ်ပေးစရာမလိုဘူး... အကယ်၍ အားစစ်တို့အကြောင်းပေါ်သွားရင်တောင်.. ရှီဝူးသမားတော်ကို ဒီကိစ္စထဲဆွဲမထည့်ဘူး..လို့အာမခံတယ်”
"မလိုပါဘူး.... ခဏစောင့်.. ငါဆေးပေးလိုက်မယ်......”
သို့နှင့်..အားစစ်တစ်ယောက် ရှီဝူးသမားတော်ဆီမှအကူအညီရခဲ့လေတော့သည်။
........................
"ဟင်း... ဒါက အလုပ်ဖြစ်ပါ့မလား...”
"စိတ်မပူနဲ့ လုယွင်ကိုကို... သမားတော်ရှီဝူးပေးလိုက်တဲ့ဆေးက အစွမ်းထက်ပြီးသား..”
"ဟင်း.....”
YOU ARE READING
Misfortune (Complete)
Fantasyကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့ကိုယ်ငါတောင်မသိတော့ဘူး.. (ရှောင်စင်း) (Own Creation.. no translation) ကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့က...