Misfortune ( Part 58 )

3.6K 392 20
                                    

Misfortune ( Part 58 )

ကျင်းဟုန်... သူ့ရင်ခွင်ထဲတွင် လက်သီးကလေးဆုပ်ကာ အိပ်ပျော်နေသော စင်းလေးကိုပေါ်သို့ ဝတ်ရုံလွှာ ခြုံလွှားပေးရင်း.. နဖူးပြင်လေးအား.. မြတ်နိုးစွာ အနမ်းတစ်ပွင့်ခြွေလိုက်လေသည်။

စင်းလေး၏ လက်နှစ်ဖက်တွင် ပူး၍ချည်နှောင်ထားသော အနီရောင်ပိုးကြိုးလေးကို ကိုင်တွယ်ကြည့်ရင်း....
           "မင်းကကိုကို့ရဲ့စင်းလေးဘဲ..ကိုကိုပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောချစ်ရသူလေး.. အချစ်ဦးလေးပါ..အခုတော့..ကိုကိုရဲ့ အိမ်သူ..ကိုကို့ရဲ့လက်တွဲဖော်လေးပေါ့... ”

ဟုဆိုကာ လက်ဖမိုးလေးအား ထပ်မံနမ်းရှိုက်လိုက်ပြန်လေသည်။

သူ..သုံးလောက စစ်ပွဲတွင်.. မိစ္ဆာကောင်၏ လက်နက်ထိမှန်ခဲ့ပြီးနောက်.... အသည်းအသန် နာကျင်ခံစားခဲ့ရသည်။ ထိုအချိန်တွင်ပထမဆုံးသတိရမိသူက စင်းလေး....။

သူပြန်လာမည်ဟု.. စင်းလေးကိုကတိပေးထားခဲ့သည်။ စစ်ပွဲမှပြန်ရောက်လျှင် လက်ထပ်မည်ဟုလည်း...ကတိထားခဲ့သည်။ လောကတွင်...သူပိုင်ဆိုင်သမျှအရာအားလုံးစွန့်လွှတ်နိုင်သည့်တိုင်.. စင်းလေးနှင့် ခွဲခွာဖို့ရန်တော့ သူမလုပ်နိုင်..။ စင်းအနားမှခွဲခွာ၍ မသွားလိုသောဆန္ဒနှင့်အတူ.. ငါသာသေဆုံးသွားရင်ဆိုသော ကြောင့်ကျစိတ်က ဦးစွာဝင်လာခဲ့ပြီးနောက်....ခန္ဓာကိုယ်မှာ မတ်မတ်ပင်မရပ်နိုင်တော့ဘဲ လဲပြိုကျသွားလေသည်။ တမျှင်းမျှင်းရှူနေသော အသက်ရှူသံနှင့်အတူ.. သူနောက်ဆုံးအကြိမ်ထိအားတင်ထားမိသည်။

ငါမသေရဘူး.....
ငါ..စင်းလေးကို..မထားခဲ့နိုင်ဘူး...
ငါ့ဘဝက သူရှိမှဖြစ်သလို... သူ့ဘဝမှာလဲငါရှိနေမှဖြစ်မယ်... သေချာပေါက်..ငါပြန်လည်ရှင်သန်ရမယ်..

ဆိုသောပြင်းထန်သည့်စိတ်ဆန္ဒ လွှမ်းမိုးခဲ့ပြီးနောက် သူ့နတ်ဝိဥာဉ်တို့..တစ်စခြင်းပြိုကွဲခဲ့ရလေသည်။

သူ့ဝိဥာဉ်တို့သည်တိမ်စိုင်တစ်ခုလို နှစ်ပေါင်းမည်မျှကြာအောင်.. လွင့်မျောနေသည်ကိုသူမသိ။ ကြာညောင်းလှသော အချိန်ကာလဖြစ်သော်လည်း.. စင်းလေးသည်..သူ့အနားတွင် အမြဲရှိနေသည်ဟူသော နွေးထွေးသည့်ခံစားချက်ကို သူခံစားမိနေသည်။

Misfortune (Complete) Where stories live. Discover now