Misfortune ( Part 24)
အမ်းမိသားစု.. အပန်းဖြေစံအိမ်မှ ရှောင်စင်းတို့အိမ်သို့သွားရာလမ်းတစ်လျှောက် တိတ်ဆိတ်စွာလိုက်ပါလာသူက ထျန်း။
တရိပ်ရိပ်ကျန်နေသော ကားပြတင်းမှမြင်နေရသော ပတ်ဝန်းကျင်ကိုငေးနေသည်။ စင်းက ထျန်းအား.. ခဏခဏခိုးကြည့်ပြီးနောက်.. ထျန်းလက်မောင်းအားတွဲလိုက်လေသည်။
"ထျန်း... ဘာဖြစ်နေတာလဲ.... အဖွားဘာပြောလိုက်လို့လဲ....”
စင်း၏အမေးကို ခေါင်းရမ်းပြလိုက်ပြီး..
"ဘာမှထွေထွေ.. ထူးထူး.. မဟုတ်ပါဘူး...”
"ဒါမယ့်.. ထျန်းပုံစံက... ”
"ကိုယ်... ဘာမှမဖြစ်ပါဘူး.....”ထျန်းစကားအား.မယုံကြည်ဟန်ဖြင့် စင်းတစ်ယောက် မျက်နှာငယ်လေးဖြင့်.. ကြည့်နေမိလေသည်။ ထျန်းကစင်းမျက်နှာငယ်လေးနှင့် သူ့အားကြည့်နေသည်ကို မြင်၍ စင်း၏ လက်ဖဝါးလေးအား.. ဆုပ်ကိုင်လိုက်ပြီး စင်းအား..ပြုံးပြလိုက်လေသည်။
"စင်း... ဘာကိုစိတ်ပူနေတာလဲ.. ဘာမှစိတ်မပူနဲ့နော်... ကိုယ်တကယ်ဘာမှမဖြစ်ပါဘူး... အဲ့လို..စိတ်ညစ်နေတဲ့မျက်နှာကြီးနဲ့မနေနဲ့... ပြုံးပြအုံး..ကိုယ့်ကို....”
စင်းကမပြုံးချင်ပြုံးချင်နဲ့ပြုံးပြလိုက်ရင်း...
"ပြီးရောလေ.. ဘာမှမဖြစ်ရင်လဲ....”ထို့နောက်.....
ရှောင်စင်းတို့... အိမ်သို့ပြန်ရောက်ခဲ့ကြလေတော့သည်။ ရှောင်စင်းတို့အိမ်သို့ပြန်ရောက်လာကြသည်နှင့် အမ်းလုလုကိုအရင်မြင်လိုက်ရပြီး.. ထျန်းနှင့်စင်းထံသို့ခုန်ပေါက်ပြေးလာလေသည်။"ကိုကိုစင်း..အခြေအနေ....”
"ဟင်း......”
စင်းက သက်ပြင်းချရင်း.. သူ့အခန်းထဲဝင်သွားလေသည်။ ထျန်းက လုလုကိုပြုံးပြလိုက်ရင်း...
"ဘာမှမဖြစ်ပါဘူး.....”
ဟုပြောကာ.. သူလဲ..သူ့အခန်းထဲသို့ ဝင်ခဲ့လိုက်လေသည်။ သူကုတင်ပေါ်တွင် ထိုင်လိုက်ရင်း....စင်းအဖွားပြောသောစကားတို့က နားထဲကြားယောင်လာလေသည်။.....................
"မင်းဘယ်သူလဲ..ဘယ်ကလဲဆိုတာ.. ငါမသိဘူး.. ဒါပေမယ့်..မင်းမှာ.. တိကျရေရာတဲ့ အနာဂတ်မရှိဘူးဆိုတာ..မင်းကိုကြည့်လိုက်တာနဲ့သိတယ်..”
"ကျွန်တော်....”
YOU ARE READING
Misfortune (Complete)
Fantasyကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့ကိုယ်ငါတောင်မသိတော့ဘူး.. (ရှောင်စင်း) (Own Creation.. no translation) ကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့က...