Misfortune (Part 12)
"Hello... ni hao...ရှောင်စင်းကော... ”
သူ့နာမည်ခေါ်၍ နှုတ်ဆက်လိုက်သောကြောင့် အသံလာရာငဲ့ကြည့်မိသည်။ ထို့နောက်.. ထို့လူကို ခပ်စူးစူးကြည့်ရင်း..."အော်.....”
ဟု တစ်ခွန်းထဲသာဆိုလိုက်မိလေသည်။ ထိုသူက မျက်လုံးများ မှေးသွားသည်အထိ မျက်နှာကို အစွမ်းကုန်ပြုံးထားရင်း.. သူ့အနားရှိ ခေါက်ခုံအလွတ်တွင်လာထိုင်လိုက်လေသည်။"ရှောင်စင်းကော.... ကျွန်တော်အရမ်းဝမ်းသာမိတယ်...”
"ဘာကိုဝမ်းသာတာလဲ...”
"လွမ်းဆွတ်ဖွယ်အတိတ်..series ကို ရှောင်စင်းကောနဲ့ အတူရိုက်ခွင့်ရတော့မှာမို့လေ.....”သူ့မေးကြောများ..တင်းသွားပြီး လက်သီးကိုဆုပ်လိုက်သည်။
ကျွတ်...
ဒီကောင်နဲ့.. ရိုက်ရမှာလား...
ငါ့ကို..ဒေါသထွက်ပြီး သေအောင်လုပ်နေကြတာလားမသိဘူး..."အတည်မဟုတ်သေးပါဘူး... ဒါနဲ့.. series မှာမင်းပါမယ်လို့လဲငါမသိဘူး... ကဲ.. ငါသွားအုံးမယ်..”
ရှောင်စင်း.. ထိုသူ့အနီးမှ ထထွက်ခဲ့လိုက်သည်။ မဟုတ်ရင်.. ကြာကြာနေမိပါက ထိုလူ့ကို တစ်ခုခုထလုပ်လိုက်မည်စိုးမိသောကြောင့်ပင်။
ထိုလူကတော့.. တခြားမဟုတ်..
လင်း၏ နောက်ရည်းစား... လင်းအိပ်ရာတွင်တွေ့ခဲ့ရသော အကောင်... တက်သစ်စ မော်ဒယ် သရုပ်ဆောင် Danny Wang(ဒန်နီ ဝမ်) ဆိုသူပင်။သူထွက်သွားသည်နှင့် ဒန်နီဝမ်၏ မျက်နှာပေါ်မှ အပြုံးများလဲ ပျောက်ကွယ်သွားပြီး...
အမ်းရှောင်စင်း..အမ်းရှောင်စင်း
အလကားနေရင်း..လာမာန်တက်နေသေးတယ်...
မင်းနောက်ဆို.. ဒီလို မာန်တက်နိုင်အုံးမလားလို့..
ငါကြည့်နေမယ်...
မင်းမှာရှိနေတဲ့အရာအားလုံး.. ငါလုယူပြမယ်...................
ရှောင်စင်း..သန့်စင်ခန်းမှန်ရှေ့မတ်တပ်ရပ်ကာ..မှန်ထဲမှ သူ့ကိုယ်သူပြန်ကြည့်နေမိသည်။ အလိုမကျမှု့ကြောင့် သုန်မှုန်နေသော မျက်နှာပေါ်တွင်.. မျက်ခုံးအစုံတို့က တွန့်ကွေးနေသည်။
ထျန်းလဲ..သူ့အနားရောက်လာခဲ့ပြီး..ရှောင်စင်းပခုံးကို လှမ်းကိုင်လိုက်ပြီး...
"စိတ်လျော့ပါ.....”
"ဟူး........အင်းပါ...”
YOU ARE READING
Misfortune (Complete)
Fantasyကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့ကိုယ်ငါတောင်မသိတော့ဘူး.. (ရှောင်စင်း) (Own Creation.. no translation) ကံတရားက သောက်တလွဲ ဖြစ်လို့မပြီးနိုင်ဘူးလား..အခု..ငါကဘာလဲဆိုတာ...ငါ့က...