Misfortune (Part 2)

12.8K 1.1K 37
                                    

Misfortune (Part 2)

ရှောင်စင်း.. ကိတ်မုန့်ဘူးနဲ့ နှင်းဆီပန်းအပွင့်၁၀၀စည်း ထားသော ပန်းစည်းကို လှမ်းယူလိုက်ပြီး.. ကားထဲကထွက်ခဲ့လိုက်သည်။

သူရောက်နေသောနေရာက"လင်း”၏ တိုက်ခန်းဖြစ်သည်။ လင်း မိဘတွေက ကနေဒါမှာနေထိုင်ကြတာ ဖြစ်ပြီး.. ချမ်းသာသော မိသားစုအသိုင်းအဝိုင်းဖြစ်သည်။ လင်း ကတရုတ်တွင်သာအနေများပြီး ကနေဒါသို့ သွားလိုက်ပြန်လိုက်.. နေတတ်သည်။ ဆွေကြီးမျိုးကြီးထဲက ဖြစ်သည့်အပြင်.. တစ်ဦးတည်းသော သမီးမို့ အားလုံးက အလိုလိုက်ထားရသော..လူဆိုးမလေးဆိုလျှင်မမှားပေ။

လင်းက လှပတယ်.. သွက်လက်တယ်..
ထင်တိုင်းလုပ်တတ်တယ်.. ပြီးတော့ ကျွန်တော့် အပေါ်မှာလဲ ဆိုးနွဲ့လွန်းလှပါတယ်..
ဒါမယ့်.. ချစ်စရာကောင်းလွန်းတဲ့.. သူမလေးရဲ့.. ပုံစံလေးကြောင့်.. ကျွန်တော်ကတော့.. ချစ်မြဲချစ်နေလျက်ပါဘဲ.....

ဓာတ်လှေခါးက (၁၄)ဆိုသောနံပါတ်ကိုနှိပ်လိုက်ပြီး.. maskအောက်မှာ သူ့အပြုံးတစ်ပွင့် ဖြစ်ထွန်းသွားခဲ့သည်။ သူ့ကိုမြင်ရင်.. လင်းတော်တော်အံဩသွားမှာဘဲ...လို့တွေးရင်း...

           "တင်......”
ဓာတ်လှေကားအချက်ပေးသံနှင့်အတူ အထပ်(၁၄) အခန်း(၄၀၁)ဆီသို့ ထွက်ခဲ့ လိုက်သည်။

လင်း အခန်းရှေ့ရောက်တော့.. သူ့ဂျင်းဘောင်ဘီ  အိတ်ကပ် ထဲမှ အခန်းသော့ကဒ်ကိုဆွဲထုတ်ရင်း.. ဖွင့်ဝင်လာခဲ့လေသည်။လင်း၏ အခန်းသော့ကသူ့တွင်လဲ တစ်ခုရှိသည်လေ။

ရှောင်စင်း.. စားပွဲပေါ်..ကိတ်နှင့် ပန်းစည်းကို ချလိုက်ရင်း.. လင်း..ကိုရှာကြည့်မိသည်။ လင်းအရိပ်အယောင်တောင်..မတွေ့သဖြင့်..သူရေချိုးနေတာများလား..ဟုတွေးကာလင်း.. အိပ်ခန်းဘက်သို့.. ထွက်ခဲ့လိုက်သည်။

လင်း..အိပ်ခန်းတခါးက ပိတ်ထားသည်..မဟုတ်ဘဲ.. အနည်းငယ်ခပ်ဟဟ ဖြစ်နေသောကြောင့်.. ရှောင်စင်း.. တခါးကို လက်ဖြင့်တွန်းဖွင့်ရန် ပြင်လိုက်သည်။
သို့သော်... အခန်းတွင်းမှ.. သူမြင်လိုက်ရသောအရာ ကြောင့်.. တခါးကိုမိဘဲလက်များက လေထဲတွင်ရပ်တန့်သွားရသည်။

ရမ္မက်ခိုးများဝေနေသော... သူနှစ်ယောက်..
သူလာသည်ကိုပင်..သတိမထားမိဘဲ.. အပျော်ကြီးပျော်နေသော သူနှစ်ယောက်..
ဆန္ဒ၏ အထွတ်အထိပ်အသံများနှင့်.. အရှက်ကင်းမဲ့နေကြ..သူနှစ်ယောက်...
ရှောင်စင်း... မေးကြောများ ပြတ်ထွက်သွားမတက် အံကိုကြိတ်လိုက်ရင်း.. နောက်သို့ ခြေလှမ်း(၂)လှမ်းမျှ ဆုတ်သွားသည်။ ထို့နောက်.. လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ရင်း.. ထိုငရဲတမျှ ခြောက်ခြားဖွယ်ကောင်းသော နေရာမှ လှည့်ထွက်ခဲ့လိုက်သည်။

Misfortune (Complete) Where stories live. Discover now