ဆိုးတော့လည်းမဆိုးပါဘူး...
အလုပ်ကိုတကူးတကလည်းလာစရာ
မလိုတော့ အသွားအပြန်လုပ်ရမယ့်
အချိန်တွေလျော့သွားတာပေါ့....ကုတင်ပေါ်တင်ပလွဲဝင်ထိုင်ပြီး
လက်ထဲက Laptop ကိုဖွင့်လိုက်တဲ့
အချိန်မှာပဲ ဖုန်းမြည်သံကထွက်ပေါ်လာ
တယ်....စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုယူပြီး
ကြည့်လိုက်တော့ သူ့ရင်ဘတ်က
တစ်ချက်လှုပ်သွားသလိုပဲ....အပြစ်ကင်းတဲ့အပြုံးကြီးကြီးက
တချိန်က သူအရမ်းသဘောကျခဲ့တဲ့အရာ
ပြုံးလိုက်တိုင်းခွက်ဝင်သွားတဲ့အရာတွေကို
ခွေးကန်ထားတဲ့ အချိုင့်တွေလို့
သူအမြဲစခဲ့တာ....သူအဲ့လိုပြောလိုက်တိုင်း
စိတ်ဆိုးသလိုနဲ့ပြန်ရန်ဖြစ်တတ်တဲ့
ကောင်လေး....သူစဉ်းစားနေတာနဲ့ပဲ
ဖုန်းကမကိုင်လိုက်ရပဲကျသွားတော့တယ်...အဲ့ဒါမှ ဒုက္ခ....
ထပ်မခေါ်ရင်ဘယ်လိုလုပ်မလဲ.....
သူပြန်ခေါ်လိုက်ရမလား....ဒါပေမယ့် ဖုန်းကနောက်တစ်ခါအသံထွက်လာခဲ့ပြန်တယ်
ဒီတစ်ခါတော့ သူလက်တွန့်မနေတော့ဘူး
ခပ်မြန်မြန်ပဲ အစိမ်းရောင်လေးကိုနှိပ်လိုက်
တော့တယ်..."Hello........''
ဒီစကားကအရမ်းကိုသူစိမ်းဆန်တယ်...
ဒါပေမယ့် သူပြောမိပြီးသွားပြီ...." ကိုကိုလား.....''
"အင်း......''
ပြီးတော့.....ပြီးတော့....ဘာဆက်ပြောရမလဲ....အင်း...ဆိုတဲ့တစ်လုံးထဲနဲ့တော့
မဖြစ်သေးဘူးနော်....."ကိုကို ဖိတ်စာတွေ့ပြီးပြီလား....''
ဒီနေ့မှပို့လိုက်ကာ ကိုကိုမတွေ့ရသေးတာလည်း
ဖြစ်နေနိုင်တာမို့ ...." ဘာဖိတ်စာလဲ....''
ကိုကို့အမေးကိုကြားလိုက်ရမှ
Krist လည်းသူထင်ထားသလိုပဲ
ဖြစ်နေလေတယ်Sing မှာလည်းအပြေးအလွှားစဉ်းစား
နေရသည်...
ဘာ နှစ်ပတ်လည်တွေရှိနေသလဲ...
ငါတို့စတွေ့တာလား...ဖေဖေတို့ဆုံးတဲ့နေ့လား...မဟုတ်တာတွေရော
ဟုတ်တာတွေရော...
YOU ARE READING
Rewrite the Stars
Fanfictionကျွန်တော်က ကောင်းကင်ကြီးပဲ ဖြစ်ချင်တယ် ကိုကို လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲတမ်းငေးကြည့်နေခွင့်ရဖို့ပေါ့... ကျွန်တော်ကကောင်းကင်ကြီးပဲဖြစ်ချင်နယ်ကိုကို... လမင်းကြီးနဲ့တူတဲ့ကိုကို့ကို အမြဲကြည့်နေခွင့်ရဖို့ပေါ့...
အခန်း / ၁၁(z&u)
Start from the beginning