433-436

348 38 2
                                    

Page 433-436

Page-432

မသေမျိုးတွေအနေနဲ့ အသက်ရှင်ရတာ တကယ်မလွယ်လှပါဘူး။ ဘာလို့လဲဆိုတော့ ရှေ့ဆက်ရမယ့်ခရီးက သိပ်ကိုအထီးကျန်ဆန်နေနိုင်လို့လေ။ တစ်နေ့တစ်နေ့ ငြီးငွေ့ဖွယ်ကောင်းစွာ ကုန်ဆုံးမသွားဖို့ သူတို့ကိုယ်သူတို့အတွက် အချိန်ဖြုန်းနိုင်မယ့်ဝါသနာလေးတွေ ရှာဖို့လိုအပ်တယ်။ ဥပမာ Taishang Laojun ရဲ့ဆေးပညာဗေဒကိုရူးသွပ်မှု၊ Nanji Xianweng နတ်မင်းရဲ့ စစ်တုရင်ကစားခြင်းကိုအထုံပါမှု၊ အဆင့်မြင့်နတ်ဘုရားမပိုင်းချန်းရဲ့ ပြဇာတ်ဝတ္ထုတွေဖတ်ရတာ ကြိုက်နှစ်သက်မှု စတာတွေအားလုံးဟာ ဒီအတွက်ကြောင့်ပဲဖြစ်တယ်။

မကြာခင်ကမှ ထာဝရရှင်သန်နိုင်စွမ်းကိုရလာတဲ့ နတ်ငယ်လေးတွေကတော့ ဝါသနာရယ်လို့မရှိသေးတဲ့အတွက် အတင်းအဖျင်းပြောခြင်းကသာ အရေးကြီးဆုံးကြိုးစားအားထုတ်မှုဖြစ်နေတာပေါ့။ အတင်းစကားကို နားထောင်တာဖြစ်စေ၊ ပြောပြတာဖြစ်စေ အတင်းတုပ်ခြင်းမှာ အဓိကအရေးကြီးတာက နှစ်ဦးနှစ်ဖက်လုံးသိတဲ့သူဖြစ်နေဖို့သာ အဓိကမဟုတ်ပါလား? သို့မှသာ နှစ်ဖက်စလုံးအတွက် စိတ်ဝင်စားစရာကောင်းမှာလေ။ ထာဝရရှင်သန်ခြင်းကိုရလာပြီးနောက် ဒီနတ်ငယ်လေးတွေ ပထမဆုံးတွေ့ရတဲ့သူက ဒါပေါ့ ၁၃ ထပ်မြောက်ကောင်းကင်ဘုံက သုံဟွာခြံဝန်းပိုင်ရှင်အရှင်သခင် သုံဟွာသီကျွင်းပဲပေါ့။ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့နှစ် ၂၀၀ အတွင်း နတ်ဘုရားနယ်မြေမှာ အကျော်ကြားဆုံးသတင်းက သီကျွင်း သူ့ရဲ့သတို့သမီးလေးငယ်လေး ပျောက်နေတဲ့သတင်းဖြစ်နေတယ်။

ကောလဟာတွေတောင် ရှိပါသေးတယ်။ သီကျွင်းရဲ့ဇနီးဖြစ်သူဟာ အသက်သာငယ်တာ သူမရဲ့ဂုဏ်ပုဒ်ကတော့ ထူးခြားတယ်တဲ့။ သူမဟာ ကောင်းကင်ဘုံရဲ့အိမ်ရှေ့စံမင်းသမီး နတ်ဘုရားမပိုင်ချန်းရဲ့တူမဖြစ်သလို ချင်းချူကပိုင်ဇီသီကျွင်းရဲ့ မြေးမလေးလဲဖြစ်တယ်။ ဒါ့အပြင် သူမဟာ လွန်ခဲ့တဲ့နှစ် ၄၀၀ ကျော်လောက်က ချင်းချူရဲ့ထီးနန်းကိုဆက်ခံခဲ့တဲ့သူလဲဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် ၂၀၀ လောက်က Bingcang အခမ်းအနားပွဲမှာ အနီရောင်ပိတ်စနဲ့ သူမမျက်လုံးကိုစည်းထားလျက်က ဓားကိုင်ထားတဲ့ လူအယောက်တစ်ရာဝင်္ကပါကိုဖြတ်ပြီး Tangting တောင်ထိပ်မှာ Hexu ဓားကို ချိတ်ပိတ်ခဲ့တဲ့သူလဲဖြစ်တယ်။ အဲ့ဒီနေ့တုန်းကဆိုရင် သူမလေးက ပွဲကြည့်သူတွေအားလုံးရဲ့နှလုံးသားကို ခိုးယူသွားခဲ့တာ။ မျိုးနွယ်စုရဲ့အချောဆုံးအလှဆုံးမိန်းမလှလေးတွေထဲမှာ သူမအဒေါ်ပိုင်ချန်းပြီးရင် နံပါတ်နှစ်ချိတ်သူလေးပေါ့။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now