အခန်း ၉

333 22 1
                                    

Page 182-183

Page-182

အခန်း(၉)

နောက်ဆုံးတော့ Juno ကိုကွက်မျက်မယ့် ဧပြီလ ၇ ရက်နေ့ကိုကျရောက်လို့လာခဲ့ပြီ။

တစ်ခါက သူမအဒေါ်ပိုင်ချန်း သူမရဲ့စွမ်းအားတွေမြင့်အောင်လေ့ကျင့်စေချင်တဲ့ရည်ရွယ်ချက်နဲ့ လူပြည့်ကကဗျာတစ်ပုဒ် ဖတ်ပြခဲ့ဖူးတာကို ဝိုးတဝါးသွားအမှတ်ရမိတယ်။ အဲ့ဒီကဗျာက လူကိုတကယ်စိတ်ဓာတ်တက်ကြွစေတာတော့အမှန်ပဲ "ညနေနေဝင်ဆည်းဆာတွေကြားမှာ ပူဆွေးတမ်းတမှုကိုခံစားရတယ် ဆူဆူပူပူဖြစ်လေ့ရှိတဲ့တိမ်စိုင်တွေတောင်မှ ပျံသန်းရင်းလေထဲမှာငြိမ်လို့.."

Lingshu စင်ပေါ်မှာ Juno ကိုခေါင်းဖြတ်ကွက်မျက်စဉ်အတွင်း သူမရဲ့ရဲရင့်တက်ကြွပြီး တည်ငြိမ်အေးဆေးလှတဲ့စိတ်ဓာတ်ကို သူမအဒေါ်မမြင်လိုက်ရလို့ဖုန်းကျိုတကယ်နှမြောမိတယ်။ အဲ့ဒီစိတ်ဓာတ်ကို သူမ စိတ်မပါဘဲလုပ်ယူခဲ့ရတယ်ဆိုပေမယ့်ပေါ့။

ကောလဟလတွေအရ ထိုဇီဇာကြောင်တဲ့ဓားရှည်က သွေးကလွဲရင် ဘာမှမသောက်ဘူးဆိုတော့လဲ သူမ ထိုဓားရှည်ရဲ့ဓားသွားဆီ သွေးအိတ်ပစ်ပေါက်ဖို့စဉ်းစားမိတဲ့ သူမရဲ့ပြောင်မြောက်တဲ့မဟာအကြံတော်ကြီးကို စွန့်မပစ်နိုင်ဘူးလေ။ အခြေအနေတွေက ဒီအထိတောင်ရောက်လာပြီဆိုတော့ သူမဆက်ပြီးမီးစင်ကြည့်ကရမှာပဲ။

ကျားကြီးကို ကြီးမားတဲ့ခွန်အားနဲ့တိုက်ခိုက်ပြီး ဘုရင်ကြီးကို လျင်မြန်သွက်လက်တဲ့ဖြတ်ထိုးဉာဏ်နဲ့ရင်ဆိုင်ဖို့ သူမကိုယ်သူမ အသင့်ပြင်ထားရမယ်။ ချွန်ထက်လှတဲ့ဓားသွားကို သူမရဲ့လက်နဲ့ သွေးစိမ်းရှင်ရှင်ဆုပ်ကိုင်ရမယ်ဆိုတဲ့အတွေးနဲ့တင် နဖူးမှာဇောချွေးတွေရွှဲနစ်နေအောင်ပြန်ခဲ့တယ်ဆိုသော်ငြား ဒီအခြေအနေရောက်မှ နောက်ပြန်ဆုတ်လို့မရတော့ဘူးလေ။ ပြီးတော့ ဒီလိုဝရုန်းသုန်းကားအခြေအနေမှာ သူမသာ အချစ်ငှက်နှစ်ကောင်ကိုကယ်နိုင်ခဲ့တယ်ရင် သူမအတွက်နာမ်မည်ကောင်းကျန်ရင်ကျန်နိုင်တယ်။

Shui’yue စိမ့်မြေမှာတုန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး Xize နဲ့မတိုင်ပင်ခဲ့မိတာကို ဖုန်းကျိုနောင်တရနေမိတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now