အခန်း ၃

451 24 1
                                    

Page 44-47

Page-44

အခန်း (၃)

ကောင်းမွန်စွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီးတဲ့နောက် ဖုန်းကျိုနိုးလာတယ်။ သူမ အိပ်ရာပေါ်မှာပဲ အချိန်တော်ကြာ ငေးတိငေးကြောင်ထိုင်နေခဲ့တယ်။

ခုနလေးကမှ အိပ်ရာဘေးမှာရပ်စောင့်နေတဲ့အစေခံငယ်လေးတွေကို သူမ ထွက်သွားခိုင်းလိုက်တာ။ ထိုအစေခံငယ်လေးတွေက မိုးပြာရောင်ရေပြင်အလားပဲ သူမ သူတို့ရဲ့သွင်ပြင်ကိုသဘောကျတယ်။ သူတို့ရဲ့ဝန်ဆောင်မှုကလည်း စေ့စပ်ကျွမ်းကျင်ပါတယ်။ အပြစ်ဆိုစရာမရှိအောင် သူမကို ကောင်းကောင်းမွန်မွန်ဝန်ဆောင်မှုပေးကြတယ်။ ဒါ့အပြင် အစေခံငယ်လေးတွေဟာ လုပ်ရိုးလုပ်စဉ်တွေကို စောင့်စည်းလိုက်နာကြသူတွေဖြစ်ပြီး ဘယ်လိုမျိုးတလေးတစားဆက်ဆံရမယ်ဆိုတာလည်း သေချာသိကြတယ်။ သူမကို ရိုသေစွာ 'အရှင်မ' လို့ခေါ်ကြတယ်လေ။ ပြောရရင် သူမစိတ်မကျေနပ်စရာ ဘာအချက်မှမရှိပါဘူး။

တစ်ခုပဲ.. သူတို့ သူမကို 'အရှင်မ'လို့ခေါ်တဲ့အချိန်မှာ 'အရှင်မဖုန်းကျို' လို့ခေါ်တာမဟုတ်ဘဲ 'အရှင်မ Aranya’ လို့ခေါ်ကြတာပဲ။

Aranya? သူမ ဒီနာမ်မည်ကိုသိတယ်။ သူမက သေသွားတာကြာပြီမဟုတ်လား? အခုဆို သူမရဲ့အုတ်ဂူပေါ်မှာ မြက်ပင်တွေတောင်ပေါက်ပြီး သူမလည်း အထဲမှာ အရိုးဆွေးနေလောက်ပြီ။ သိပ်မကြာသေးခင်က သူမ Saha သီးအတွက် စပါးအုံမြွေကြီး၄ကောင်နဲ့ တိုက်ခိုက်နေခဲ့ကို မှတ်မိပါသေးတယ်။ အဲ့ဒီနောက်တော့ အန္တရာယ်တွေကြားမှာပဲ သူမ ဘာမှမရှိတဲ့ဟင်းလင်းပြင်ပြီးထဲကိုပြုတ်ကျသွားတာလေ။ ထပ်ပြီးဘာဆက်ဖြစ်လဲတော့ သူမမသိတော့ဘူး။ ဒါပေမယ့် ဘယ်လိုကိစ္စပဲဖြစ်ခဲ့ဖြစ်ခဲ့ မျက်စိတစ်မှိတ်အတွင်းမှာ အလိုလိုနေရင်း Aranya အဖြစ်ကိုပြောင်းသွားစရာအကြောင်းမရှိပါဘူး။

သူမရဲ့ရောင်ပြန်ဟာ အိပ်ရာဘေးက ကြေးမှန်ပြင်မှာထင်ဟပ်လျက်ရှိတယ်။ ကြေးမှန်ထဲမှာတွေ့ရတာက အနီရောင်ဝတ်စုံနဲ့ မိန်းမပျိုလေးတစ်ဦးပဲ။ နက်မှောင်ပြီးသွယ်လျတဲ့ မျက်ခုံးတစ်စုံ၊ ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေ၊ နှာတံရှည်ရှည်၊ ပါးလွှာတဲ့နှုတ်ခမ်းဖူးလေးနဲ့ ဆင်စွယ်ရောင် အသားအရေ..။ သူမသွင်ပြင်ကိုသူမလေ့လာနေရင်း မျက်မှောင်ကြုတ်မိလိုက်တယ်။ ဒါ အထင်မှားစရာမရှိအောင်ချောမောလွန်းတဲ့ မိန်းမပျိုလေးတစ်ဦးပါ။ သို့သော် ဒီမိန်းမပျိုလေးက သူမဟုတ်ရဲ့လားဆိုတာတော့ ဖုန်းကျိုသေချာမသိဘူး။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now