page 14-16

485 32 0
                                    

Page 14-16

Page-14

ရန်ချီဝူတစ်ယောက် Jieyou စမ်းကိုရောက်သွားတဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် စိတ်ရှုပ်သွားပါတယ်။

ရှောင်ရန်မှတ်မိသလောက် ခုနကသူတို့ဒီစမ်းနားမှာရှိနေတုန်းက အရာအားလုံး ဖရိုဖရဲပျက်စီးနေကြတာပါ။ စမ်းထဲကရေတွေတောင် နောက်ကျိလို့။ ခုမှနာရီအနည်းငယ်လောက် ကုန်သွားရုံရှိသေး ငြိမ်းချမ်းတဲ့မြေမျက်နှာပြင်ပေါ်မှာ ရေကန်လေးတစ်ခုတောင် ပေါ်ထွန်းနေလေပြီ။ ရေတွေရဲ့အလယ်ဗဟိုပတ်ပတ်လည်မှာ မြွေကြီးလေးကောင်နဲ့ Aranyaရဲ့အိမ်မက်ကမ္ဘာက ကာရံထားတယ်။ လက်စသတ်တော့ Fanyinတောင်ကြားမှာ ဒီလောက်ထိစွမ်းအားကြီးမားသူလည်းရှိသေးတာပဲကိုး။

ရှောင်ရန်လည်း ထိုပါရမီရှင်လေးကိုမြင်နိုင်ဖို့အတွက် တိမ်စီးပြီးသွားကြည့်လေတယ်။

ထိုပါရမီရှင်လေးကတော့ အခြားသူမဟုတ်ပါဘူး မင်းသား၃ လန်ရှန်းပါပဲ။

လေထဲမှာမြှောက်တက်နေတဲ့ ရေလှိုင်းလုံးကြီးတွေရဲ့အပေါ်မှာ ကျောက်စားပွဲတစ်လုံးရယ် ထိုင်ခုံတွေရယ် ဆော့ပြီးစ စစ်တုရင်ကစားပွဲရယ်ရှိတယ်။ မင်းသား၃တစ်ယောက် လက်ထဲမှာကျောက်တုံးလေးတစ်ခုကိုကိုင်ရင်း Meng Shao နဲ့အေးအေးဆေးဆေး စကားစမြည်ပြောလျက်ရှိတယ်။ ကြောက်မက်ဖွယ်ဧရာမလှိုင်းလုံးကြီးတွေကတော့ သူ့ရဲ့ခြေဖဝါးအောက်မှာ ယဉ်ပါးလှတဲ့သိမ်းငှက်တစ်ကောင်အလား ရပ်တည်နေကြတယ်။

ရှောင်ရန်လည်း ထိုသူဟာ ကောင်းကင်မျိုးနွယ်စုရဲ့ တတိယမင်းသား ပင်လယ်ကြီး၄ခုကိုပိုင်စိုးတဲ့ ရေနတ်ဘုရားတစ်ပါးဖြစ်တယ်ဆိုတာ ရုတ်တရက် ပြေးမြင်မိသွားတယ်။ ကျိုကြောင်းသင့်စွာပြောရမယ်ဆိုရင် ပင်လယ်ကြီး၄ခုကိုအုပ်ချုပ်သူတစ်ယောက်အနေနဲ့ သုံဟွာနဲ့ဖုန်းကျိုတို့ပိတ်မိနေကြတဲ့ အကာအကွယ်တံတိုင်းရှိတဲ့ထိုရေကန်ငယ်လေးကို အချိန်တော်ကြာ ရွှေ့ထားနိုင်ရုံတင်မက ထိုကန်ငယ်လေး၁၀ခုရှိရင်တောင် သူ့အတွက်အရေးမပါတဲ့ ကလေးကစားစရာလိုဖြစ်နေအုန်းမှာပဲ။ ခါတိုင်က လန်ရှန်းပုံစံက အရမ်းပေါ့ပေါ့ပါးပါးဆန်လွန်းလို့ ကောင်းကင်မင်းကြီးသူ့ကို ထိုရာထူးပေးတော့ ရှောင်ရန်လည်း ထိုအခြင်းအရာကို ဆွေးမျိုးကောင်းစားရေးဝါဒလုပ်နေတယ်လို့ အထင်သေးခဲ့မိတာ။ အခုတော့ လန်ရှန်းတစ်ယောက် တကယ်ပါရမီရှိပါ့လားဆိုတာ သူမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပါပြီ။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now