အပိုင်း ၁

3.6K 77 5
                                    

Page 1-6

Page-1

အပိုင်း (၃) - Aranya

အခန်း (၁)

ညလေက အေးစိမ့်စိမ့်နိုင်လှသည်။ ကောင်းကင်ကလသာသာက Shui'yue စိမ့်မြေရေပေါ်မှာ တလျှပ်လျှပ်နဲ့ရောင်ပြန်ဟပ်လျက်ရှိတယ်။

Bailu ပင်တွေက ကမ်းစပ်ကနေ မိုးထိမြင့်အောင် ထိုးထောင်ပေါက်ရောက်နေကြတယ်။ မြင့်မြတ်ထားရာဒီတောအုပ်ရဲ့နေရာတိုင်းမှာ အခုဆိုဝမ်းနည်းစိတ်ဆင်းရဲဖွယ်နေရာကြီး ဖြစ်လို့နေတယ်။

အကြည့်တစ်ချက်နဲ့တင် ဒီမြင်ကွင်းက အရင်အတိတ်ပုံရိပ်ထဲကမြင်ကွင်းနဲ့ ထူးမခြားနားဆိုတာ သိသာပါတယ်။

ဒါပေမယ့် Fanyin တောင်ကြားတစ်ခုလုံး တစ်နှစ်ပတ်လုံး နှင်းတွေထူထဲစွာကျနေတာဆိုတော့ မြို့တော်စွန်က Shui'yue နေရာလည်း နှင်းတွေနဲ့ပဲဖုံးလွှမ်းနေတာပေါ့။ သို့သော် ဒီအချိန်မှာတော့ မြင်ကွင်းထဲမှာ နှင်းတစ်မှုန်မှကျမနေဘူး။

အခုမြင်တွေ့နေရတဲ့နေရာတစ်ခုလုံးက အမှန်တော့ အိမ်မက်ကမ္ဘာတစ်ခုလေ။ Aranya ရဲ့အိမ်မက်ကမ္ဘာပေါ့။

ဒီအိမ်မက်ကမ္ဘာက ရေပြင်မှာရောင်ပြန်ဟပ်နေတဲ့ Fanyin တောင်ကြားရဲ့ပုံရိပ်တစ်ခုပါပဲ။ တကယ့်အစစ် Fanyinတောင်ကြားကတော့ အဆုံးမရှိကျယ်ပြန့်တဲ့ အပြင်ကမ္ဘာနဲ့ဆက်စပ်နေတယ်။ ပြီးတော့ ဒီကမ္ဘာက နံရံတစ်ခုနောက်မှာပုန်းကွယ်နေတဲ့ လှောင်အိမ်လေးလို့ဆိုရင်လည်း မမှားပါဘူး။

သုံဟွာနဲ့ဖုန်းကျိုတို့နှစ်ယောက် ဒီလှောင်ထဲမှာပိတ်မိနေကြတာ အခုဆို သုံးလလောက်ရှိရောပေါ့။

ဖုန်းကျို အိမ်မက်ကမ္ဘာထဲကိုပြုတ်ကျသွားချိန်မှာ သူမမှာရှိသမျှ နတ်စွမ်းအင်တွေနဲ့ဖန်တီးထားတဲ့အကာအကွယ်တံတိုင်းက တစ်စစီကြေမွသွားပြီလေ။ သူမရဲ့အနှစ်၃၀၀၀၀ ရှိတဲ့စွမ်းအားတွေအားလုံး ပျက်စီးသွားတာနဲ့ချက်ချင်း သူမခန္ဓာကိုယ်လည်း အားပြတ်ပြီး သေမျိုးတစ်ယောက်ရဲ့ဝိဉာဉ်နဲ့မခြားတော့ဘူး။

မိုးရွာလာလေပြီ။ မမျှော်လင့်စွာနဲ့ Aranya ရဲ့အိမ်မက်ကမ္ဘာက အတိတ်နိမိတ်မကောင်းတဲ့စိတ်ခံစားချက်တွေ ပြည့်နှက်နေတဲ့နေရာတစ်ခု ဖြစ်နေခဲ့တယ်။ ထိုစိတ်ခံစားချက်အတွေးတွေက ဝိဉာဉ်စားတဲ့မကောင်းဆိုးဝါးကောင်လေးတွေကို မွေးဖွားလာစေတယ်။ ဖုန်းကျိုက ထိုဆာလောင်နေတဲ့မကောင်းဆိုးဝါးလေးတွေအတွက် အရာသာရှိတဲ့စားစရာတစ်ခုလိုဖြစ်နေတာပေါ့။ သုံဟွာ မြွေကြီးတွေရဲ့နယ်နိမိတ်ကိုဖြတ်ကျော်လာပြီး သူမဆီရောက်လာချိန်မှာ သူမမျက်နှာတစ်ခုလုံး သွေးမရှိတော့သလိုဖြူစုတ်နေလေပြီ။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now