414-420

471 38 2
                                    

Page 414-420
(divine ငှက်ကို ဘယ်လိုလှအောင်ပြန်ရမှန်းမသိ၍ နတ်ဘုရားငှက်လို့ပြန်ထားသည်~)

Page-414

သုံဟွာ့ဆန္ဒအရ Bingcang အခမ်းအနားပွဲပြီး ရက်သတ္တနှစ်ပတ်မြောက်မှာ မင်္ဂလာပွဲကို ပင်လယ်ပြာမှာကျင်းပချင်ခဲ့တာ။ Zhonglin မှန်းရသလောက် မတ်လ ၄ ရက်မြောက်မှာဖြစ်မယ်ထင်တယ်။

ဖိတ်စာတွေကို မျိုးနွယ်စုအသီးသီးထံပို့ပြီးတဲ့နောက် သီကျွင်းရဲ့ညွှန်ကြားချက်ကိုမေးဖို့တွက် ကြိုးကြာနတ်ငယ်လေးတစ်ဦးကို Zhonglin စေလွှတ်ခဲ့တယ်။ တကယ်တမ်းပြောရရင် သီကျွင်း ပင်လယ်ပြာကိုရွေးချယ်ခဲ့တာ ကောင်းတဲ့ဆုံးဖြတ်ချက်လို့ပြောလို့ရတယ်။ ကောင်းကင်ပေါ်ကလမ်းကြောင်း ၈ ခုနဲ့ မြေပြင်ပေါ်ကနယ်မြေ ၈ ခုတို့အနက် မြင့်မြတ်တဲ့ပင်လယ်ပြာဟာ နတ်စွမ်းအင်တွေအများဆုံးစုဝေးတဲ့နေရာဖြစ်တယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ရှုခင်းတွေကလဲ သုခဘုံအလား အလွန်တရာမှရှုမငြီးဖွယ် သာယာလှပလွန်းတာမို့ လာရောက်ကြမယ့်ဧည့်သည်တွေအားလုံး ပျော်ရွှင်ကြည်နူးမှုတွေနဲ့ သူတို့ရဲ့ဒုက္ခပြဿနာတွေအားလုံးကို ခဏတာမေ့ပျောက်သွားမှသေချာတယ်။ ကျောက်တုံးနန်းတော်ရဲ့အားကြီးလွန်းတဲ့နတ်စွမ်းအင်တွေက ဝမ်းသာပျော်ရွှင်မှုကို လွှမ်းမိုးနိုင်သော်ငြား Zhonglin အမြင်မှာတော့ အနီရောင်မီးပုံးတွေနဲ့ မီးပန်းဆိုင်းတစ်ချို့တပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်။ ပြီးတော့ ဖုန်းကျိုရဲ့အမေကလဲ ဧည့်ကြိုတဲ့အခမ်းအနားကို နဲနဲစောစောကျင်းပတာက လာမယ့်ဧည့်သည်တွေအတွက် ပိုပြီးအဆင်ပြေလိမ့်မယ်လို့ အကြံပေးခဲ့တယ်။ ဒါကြောင့်မို့ အားလုံးစီစဉ်ဖို့အတွက် ပင်လယ်ပြာကို ရက်အနည်းငယ်လောက်ကြိုသွားသင့်၊ မသွားသင့်ကို သူတို့ဆွေးနွေးခဲ့ကြပြီးပြီ။ တိုက်တိုက်ဆိုင်ဆိုင် နတ်ဘုရားမပိုင်ချန်းကလဲ အရှင်မဖုန်းကျိုရဲ့အကြိုက် ပြဇာတ်ဝတ္ထုတွေကို Chengtian ပွဲကြည့်စင်ကနေ ပို့လိုက်သေးတယ်။ ဒီလိုအချိန်မှာ အရှင်မဖုန်းကျိုကို အေးဆေးနားခိုင်းဖို့ သီကျွင်းသူမကိုကောင်းကင်ဘုံဆီ ပြန်ခေါ်လာသင့်နေပြီလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သီကျွင်းရဲ့အတွေးက ဘယ်လိုပါလိမ့်?

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now