412-423

347 36 0
                                    

Page 421-423

Page-421

နောက်နေ့မနက်ရောက်တဲ့အချိန်မှာ ဖုန်းကျိုနိုးလာခဲ့တယ်။ နေလုံးကြီးတောင် တောင်တွေရဲ့အပေါ်ကို ရောက်လို့နေလေပြီ။ မနေ့ညက ငွေသော်တာလမင်းကြီးလဲ အနားယူသွားပြီဖြစ်သလို ကပြဖို့စောင့်နေတဲ့နတ်ဘုရားငှက်တွေလဲ သူတို့ရဲ့အသိုက်တွေဆီ ပြန်သွားခဲ့ပြီ။ သူမ ငှက်တွေကတာကြည့်ချင်တယ်ဆိုရင်တော့ နောက်လကုန်တဲ့ထိစောင့်မှပဲရတော့မယ်။ ဖုန်းကျို ဒေါသထွက်စွာနဲ့ စောင်အောက်ကသူမရဲ့လက်ကို ကျစ်ကျစ်ဆုပ်ပြီး အော်ဟစ်ပလိုက်ချင်စိတ် ပေါက်နေလေ၏။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်တဲ့အဖြစ်လဲ! 'ပိုင်ဖုန်းကျို.. ပိုင်ဖုန်းကျို နင်တကယ့်အမိုက်မပဲ သီကျွင်းရဲ့စကားကို ဘယ်လိုများနားထောင်ခဲ့တာလဲ? အဓိပ္ပာယ်မရှိတဲ့သူ့စကားတွေကို ဘယ်လိုများယုံစားနိုင်ခဲ့တာလဲ? နင်တကယ့်ကိုအမိုက်မပဲ'

သူမတို့ ပင်လယ်ပြာကနေ ထွက်ခွာရတော့မယ့်အချိန်ရောက်တဲ့အထိ Zhonglin နဲ့သူမအမေတို့ ရောက်မလာကြသေးဘူး။ ညက သူမရဲ့ဆန္ဒမပြည့်ဝခဲ့တာကြောင့် ဖုန်းကျိုတစ်ယောက် မှိုင်းတွေငေးငိုင်ကာ စိတ်မပါတစ်ပါနဲ့ ထိုက်ချန်နန်းတော်ဆီသို့ သုံဟွာ့နောက်ကနေလိုက်လာခဲ့တယ်။

နန်းတော်ကိုရောက်တဲ့အထိ ဖုန်းကျို ခါတိုင်းကလိုတက်ကြွမလာသေး။ သူမအဒေါ်ပိုင်ချန်း အတူပြဇာတ်ကြည့်ဖို့ သူမကိုလာခေါ်တာတောင် ယဉ်ကျေးစွာနဲ့ သူမပယ်ချခဲ့တယ်။ နောက်ဆုံး သုံဟွာ နောင်လကုန်ကျရင် သူမကိုပင်လယ်ပြာဆီသို့ပြန်ခေါ်သွားပြီး နတ်ဘုရားငှက်တွေကို သူမအတွက် ကခိုင်းဖို့ပြောပေးပါမယ်လို့ ကတိပေးလာတော့မှ ဖုန်းကျို ပြန်တက်ကြွလာတော့တယ်။ သို့ပေမယ့် လုံးလုံးစိတ်ပြေသေးတာတော့မဟုတ်ဘူး။ ခုနကတော့ သူမ အားလုံးကိုလျစ်လျူရှုနေခဲ့တာ။ အခုက သူတို့ကို သူမတုံ့ပြန်တယ်ဆိုရုံမျှသာရှိသေးတယ်။

သုံဟွာလဲ သူမကိုအတန်ကြာအောင်ကြည့်နေပြီးမှ စာရွက်နဲ့မှင်တံထုတ်ကာ သူ့ဆန္ဒသဘောအလျောက် ခံဝန်ကတိစာချုပ်ရေးထိုးလေတယ်။ ရေထိုးထားတဲ့အကြောင်းအရာက နောက်နောင် သူသူမကိုကတိပေးပြီးလို့ ထိုကတိကိုမတည်ခဲ့ဘူးဆိုရင် အဲ့ခါကျသူဘာလုပ်ပါမယ်ဆိုတဲ့အကြောင်းပဲဖြစ်တယ်။ ထို့နောက် ပေရွက်ကိုသေချာလိပ်ပြီး ဖုန်းကျိုကိုမပေးခင် စာရွက်ပေါ်မှာ သူ့ရဲ့လက်ဗွေရာတောင် နှိပ်ပေးလိုက်သေးတယ်။ ဖုန်းကျိုလဲ နောက်ဆုံးတော့ ပုံမှန်အတိုင်းပြန်လည်တက်ကြွလာပြီး ပြုံးဖြီးဖြီးလုပ်လို့နေလေသည်။
(ဖုန်းကျိုနော် လာမစမ်းနဲ့ စိတ်ကောက်ပစ်လိုက်လို့ ထိုက်ချန်နန်းတော်တစ်ခုလုံး ပြာကျသွားမယ်😌🤣)

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now