အခန်း ၁၅

381 20 0
                                    

Page 296-299

Page-296

အခန်း (၁၅)

ဒုတိယမင်းသမီးရဲ့အိမ်တော်မှာ အမြင့်ဆုံးနေရာက Boxin အပန်းဖြေအိမ်ပဲ။ ဘေးပတ်ပတ်လည်မှာ ဟိုးနှစ်ရှည်လများကြာပြီဖြစ်တဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး အပင်တစ်ပင်တစ်ပင် မိုးထိအောင်မြင့်မားလှတယ်။ နွေးထွေးတဲ့နေရောင်ခြည်တွေ ဖြာကျနေတဲ့အချိန်ဆိုရင် အပန်းဖြေအိမ်ငယ်လေးဟာ ရှေးဟောင်းအငွေ့အသက်တွေနဲ့ပြည့်နေတဲ့ အိမ်ကလေးပေါ့။

ဒီအချိန်မှာတော့ ထိုအပန်းဖြေအိမ်လေးအတွင်းမှာ လူ ၄ ယောက်ရှိလို့နေတယ် - သုံဟွာသီကျွင်း၊ သူနဲ့မျက်နှာချင်းဆိုင်မှာ အုပ်ချုပ်သူအရှင် Chen Ye၊ သီကျွင်းရဲ့ရင်ခွင်ထဲမှာ အိပ်ပျော်နေရှာတဲ့ဖုန်းကျို၊ သူတို့ရဲ့ဘေးမှာမတ်တပ်ရပ်နေတဲ့ Su Moye..။ ရှိသင့်တဲ့လူတွေ ရှိသင့်တဲ့အချိန်မှာ ရှိသင့်တဲ့နေရာ၌ စုဝေးနေကြတာဖြစ်တယ်။ အရှိကိုအရှိတိုင်းပြောရရင် အင်မတန်လက်ရာမြောက်လှတဲ့ ပန်းချီကားတစ်ချပ်နှယ်သို့ ဆိုရပေမယ်။

သူ့ရဲ့ရှေ့မှာရှိနေတဲ့ ယောကျာ်းပျို၂ယောက်လုံး ငြိမ်သက်တိတ်ဆိတ်နေတာမို့ အနောက်ပင်လယ်ရဲ့ဒုတိယမင်းသား Su Moye လဲ သူတို့နှစ်ယောက်ကိုကြည့်ရင်း ဘေးကနေ အတော်လေးစိတ်ရှုပ်နေလေပြီ။ လူတွေရဲ့အရိပ်အခြည်ကိုဖတ်တဲ့နေရာမှာ သူအမြဲတမ်းတော်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်တွေအတွင်းက မှော်ပစ္စည်းလုပ်ဖို့အတွက် သုံဟွာသီကျွင်းရဲ့နှိပ်စက်မှုဒဏ်ကို ခံထားရတာကြောင့် ခုချိန်မှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်တဲ့ သူ့ဦးနှာက်က အလုပ်လုပ်နိုင်စွမ်း လျော့ရဲနေပြီလေ။ ပြီးတော့လဲ လွန်ခဲ့သော ၃ ရက်အတွင်းက ဖြစ်ပွားသွားခဲ့တဲ့ဖြစ်ရပ်ကြောင့်လဲ သူခုထိအံ့သြထိတ်လန့်မှု ပြေသေးတာမဟုတ်ဘူး။

လွန်ခဲ့တဲ့ ၃ ရက်အချိန်က.. ကံကောင်းတဲ့နေ့လေးတစ်နေ့ပါပဲ။ မိုးကောင်းကင်က သူ့ကိုသနားပြီး သူပို့ခဲ့တဲ့ ၁၂ ကြိမ်မြောက်စာမှာ သီကျွင်းကို Qinan ဗိမ္မာန်တော်သို့ ပြန်ခေါ်ပေးခဲ့တယ်။ သွေးအန်မတတ် သီကျွင်းကို ပြန်လာဖို့တောင်းဆိုလို့အပြီးမှာ နောက်ဆုံးတော့ ဘုရင်မင်းမြတ်လဲ ဗိမ္မာန်တော်သို့ပြန်လည်ရောက်ရှိလာခဲ့လို့ လည်ချောင်းထဲက အန်ထွက်ကျတော့မယ့်သွေးတွေကို သူပြန်ပြီးမြိုချနိုင်ခဲ့တယ်။ ထိုမှော်ပစ္စည်းလုပ်လို့ပြီးသွားရင် အပန်းဖြေခရီးလေးဘာလေးထွက်ဖို့တောင် သူမျှော်လင့်လိုက်သးတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now