429-432

383 42 5
                                    

Page 429-432

Page-429

ထိုနှစ်ရက်လုံးလုံး ဖုန်းကျို ချင်းချူမှာ တွေဝေငေးမောစွာကုန်ဆုံးခဲ့တယ်။ အခန်းထဲမှာပဲ တစ်ယောက်ထဲနေပြီး ငေးတိငေးမောထိုင်နေတာကများ၏။ သူမအဖေလဲ သက်ပြင်းချကာ သူမထိုသို့တိတ်ဆိတ်နေပုံကိုဆက်ပြီးမကြည့်နိုင်တော့ကြောင်း သူမအမေကို တတွတ်တွတ်ပြောနေလေတယ်။ သူမတက်ကြွနေတဲ့အချိန်တိုင်း အမြဲသူ့ကိုတစ်ခုမဟုတ်တစ်ခု စိတ်တိုအောင်လုပ်လေ့ရှိသော်လဲ ခုချိန်မှာတော့ သူမရဲ့ခါတိုင်းကထိုပုံစံလေးကိုပဲ သူလွမ်းတယ်။ သူမအမေရဲ့တုံ့ပြန်မှုကတော့ သူမမျက်နှာပေါ်ကမျက်ရည်တွေကို သုတ်ပေးရုံပဲဖြစ်သည်။

သူမမိဘတွေကို ခုလိုစိတ်ပူပန်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ သို့ပေမယ့် အဖြေတစ်ခုမရမချင်း အရာအားလုံးက သူမအတွက်စိတ်ဒုက္ခရောက်စရာကောင်းလို့နေသည်။

သူမရဲ့ဦးခေါင်ခွံထဲကို သံညွှန်တစ်ခု ပြင်းပြင်းထန်ထန်နာကျင်အောင် ရိုက်သွင်းနေသလို သူမခေါင်းတွေကိုက်ခဲလာတဲ့အထိ သူမတွေးတောပြီးရင်းတွေးတောခဲ့တယ်။ နာကျင်မှုတစ်ခုဖြတ်သွားတိုင်း သူမရဲ့စိတ်အတွင်းနက်နက်ထဲကနေ ထူးဆန်းတဲ့မှတ်ဉာဏ်အပိုင်းအစတစ်ချို့ ဖြစ်ပေါ်လာခဲ့တယ်။

ဥပမာ သူမ Aranya အိမ်မက်ကမ္ဘာထဲကိုကျသွားတုန်းက သုံဟွာသူမကိုကယ်ဖို့ရောက်လာတာကို သူမမှတ်မိတယ်။ သူမသတိရလာချိန်မှာ သူမကိုနှစ်သိမ့်ဖို့အတွက် သူသူမကို စကားချိုချိုလေးတွေ အများကြီးပြောခဲ့တယ်။ သူမက မြေခွေးလေးဆိုတာကို သူမမှတ်မိဘဲ သူမတစ်ယောက်တည်း နာကြည်းချက်တွေကို ခံစားရအောင်လုပ်ခဲ့မိတာ အားလုံးသူ့အမှားပါလို့ သူပြောခဲ့တယ်။ ပြီးတော့ သူမငိုယိုရင်းနဲ့ သူဘာလို့ Saha သီးကိုလဲခဲ့တာလဲလို့ သူ့ကိုမေးခဲ့တယ်။ အဲ့အချိန်တုန်းက သူသူမရဲ့မျက်ရည်တွေကို စိတ်ရှည်စွာသုတ်ပေးရင်း သူမ ထို Saha သီးကို ရှောင်ရန်အတွက်မုန့်လုပ်ပေးမယ်လို့ပြောလို့ သူရှောင်ရန့်ကို သဝန်တိုလို့မလို့ လဲခဲ့တာပါလို့ ပွင့်ပွင့်လင်းလင်း သူဝန်ခံခဲ့တယ်။ အဲ့ဒီနောက် သူမ Jiheng အကြောင်းပြောတဲ့အခါ သူမျက်မှောင်ကြုတ်ပြီး ဒီလိုပြန်ဖြေခဲ့တယ် "ဘာလိုများ အဲ့လိုတွေးမိနိုင်ရတာလဲ? သူမနဲ့ကိုယ်နဲ့က ဘာမှမပတ်သတ်ပါဘူး" ။ သူမ အဲ့ဒီစကားတွေကို ယုံစားခဲ့တဲ့အပြင် သူ့ကိုတောင်ခွှင့်လွှတ်ပေးခဲ့သေးတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWo Geschichten leben. Entdecke jetzt