Ep.32

823 89 13
                                    

Starry Night
~~~

Zawgyi

Wendyပြောခဲ့တဲ့ 'အချစ်ဖြစ်မယ်' ဆိုတဲ့စကားကို
သူမပြန်တွေးမိပြီးနောက် စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး
ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။ လူတန်းကြီးရဲ့
အရှေ့မှာ အမှာစာတွေပြင်နေတဲ့ Taeyeon ကို
မြင်တော့ သူမ စိုးရိမ်စိတ်ဝင်နေပေမယ့်လည်း အထိန်း အကွပ်မဲ့စွာ ထပ်ပြီးပြုံးမိပြန်သည်။

သူမရှေ့က လူတန်းက တဖြည်းဖြည်း တိုလာပေမယ့်
Taeyeonကတော့ သူမကို မြင်ပုံမရပဲ အလုပ်မှာသာ
အာရုံစိုက်နေသည်။

"Ice Latte နှစ်ခွက်ရပါပြီ"

"Sandwich ငါးခုရပါပြီ"

"Bubble tea တစ်ခွက်ရပါပြီ"

တဖြည်းဖြည်းနဲ့ သူမအလှည့်ရောက်လာသည်။

"ဘာသုံးဆောင်ပါမလဲ ဧည့်..."

Taeyeonပြောပြီး မော့အကြည့် သူမဖြစ်နေတော့
ပြောလက်စစကား ရပ်သွားသည်။

"Espressoတစ်ခွက်နဲ့ မင်းရဲ့အချိန်နည်းနည်း"

"Chaw အလုပ်ချိန်ပြီးဖို့ အများကြီး လိုသေးတယ်။
ကျေးဇူးပြုလို့ အနှောက်အယှက်မပေးလို့ ရမလား?"

"ဒါဆိုလည်း ပြီးတဲ့အထိ စောင့်တာပေါ့။ Espresso
တစ်ခွက်ပဲ အရင်ပေး"

သူမ စိတ်ရှုပ်နေတဲ့ Taeyeonကို ဂရုမစိုက်ပဲ မျက်နှာ ထားတည်တည်နဲ့ ပြောလိုက်သည်။ မှာထားတာရတော့
ပိုက်ဆံရှင်းကာ ခပ်တည်တည်ပဲ စားပွဲတစ်ခုဆီသွားကာ
အလုပ်လုပ်နေတဲ့ Taeyeonကို မြင်ရသည့် ထိုင်ခုံမှာ ဝင်ထိုင်နေလိုက်သည်။

သူမ အိတ်ထဲမှ ဖိုင်တွေကို ထုတ်ကာ Taeyeonကို ထိုင်ကြည့်နေရင်း Taeyeonက ပြန်ကြည့်တဲ့အခါမှာ
တော့ ဘာမှမဖြစ်လို့ ဖိုင်တွေဆီကို အကြည့်ပြန်ပို့ထား
လိုက်သည်။

နှစ်နာရီကြာပြီးနောက်မှာတော့ Taeyeonက သူမကို
လက်လျော့လိုက်ပြီး အလုပ်ချိန်ပြီးတာနဲ့ အဝတ်အစား
လဲကာ သူမထိုင်နေတဲ့ စားပွဲဆီသွားလိုက်သည်။

Starry NightWhere stories live. Discover now