Ep.27

501 73 6
                                    

Starry Night
~~~


Zawgyi

"ညီမလေး..."

သူမ ဆေးရုံအပြင် ပန်းခြံက အုတ်ခုံမှာ ထိုင်နေတဲ့ Wendyဘေးမှာ ဝင်ထိုင်လိုက်သည်။

"Unnie တောင်းပန်ပါတယ် ဖုံးကွယ်ထားမိလို့"

"အဲ့ဒီဆွဲကြိုးကို Wanကို ဆွဲပေးထားတာက တစ်ချိန် Wanရဲ့ မိဘအရင်းတွေနဲ့ ပြန်တွေ့နိုင်ဖို့ပါ။ ဖေဖေနဲ့
မေမေက ညီမလေးကို သမီးအရင်းတစ်ယောက်လို
ချစ်ပေမယ့်လည်း မိဘအရင်းတွေနဲ့တော့ ပြန်တွေ့စေ ချင်ကြတာ။ Unnie လည်း ငယ်တုန်းက နားမလည်ခဲ့
ဘူး။ သမီးအရင်း မဟုတ်ဘူးဆိုတာကို သံသယမရှိရ
အောင် ဖေဖေ့ရဲ့သွေးအမျိုးအစားကိုပါ Wanနဲ့တူတယ်
လို့ ပြောထားပြီးမှ အဲ့ဆွဲကြိုးကို ဆွဲခိုင်းထားသေးလို့လေ။
Wan မိဘအရင်းတွေ ပြန်တွေ့သွားရင် Unnie တို့ကို
ထားခဲ့မှာကို မုန်းခဲ့တာ။ ဒါပေမယ့် အခုညီမလေးရဲ့ မိဘအရင်းတွေကို ပြန်တွေ့တော့မှ ဖေဖေတို့ အတွေးကို
နားလည်တော့တယ်။ Wanရဲ့ မိဘအရင်းက Wanကို
၁၅နှစ်လောက် ခွဲခဲ့ရတာ။ သူတို့မှာ သူတို့ကြောင့် Wan
ပျောက်သွားတယ်ဆိုတဲ့ အသိက အမြဲနှိပ်စက်နေမှာ။
မှတ်မိသေးတယ် Unnie သူတို့နဲ့ စတွေ့တဲ့နေ့တုန်းက
ဒေါ်လေးက Unnie ကိုမြင်တော့ သူ့ကလေးကို သတိ
ရနေသေးတယ်"

"ညီမလေး လက်မခံချင်ဘူး။ ညီမလေး ဒီမိသားစုအပြင်
နောက်ထပ်မိသားစု ထပ်မလိုချင်ဘူး။ Unnie တို့ကို
လည်း ညီမလေးထားသွားမှာ မဟုတ်ဘူး။ ညီမလေးရဲ့
အဖေနဲ့အမေက Unnie ရဲ့ အဖေနဲ့အမေပဲ"

"ဦးလေးက နှလုံးရောဂါ ခံစားနေရတဲ့လူလေ Wanရဲ့။
ဦးလေးသတိရလာလို့ သူ့ကလေးကို ပြန်ရှာတွေ့တယ်
ဆိုတာကို သိရင် သူဘယ်လောက် ဝမ်းသာသွားမလဲ?
သူတို့မှာလည်း သူတို့ကလေးကို ပွေ့ဖက်ခွင့်ရှိတယ်လေ။
သူတို့ကို Wanရဲ့မိဘအဖြစ် အသိအမှတ်ပြုလိုက်ရင်
လည်း သူတို့က Wanကို Unnie တို့နဲ့ ဝေးရာကို
ခေါ်သွားမယ့်လူတွေ မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ဆိုရင်
တော့ စိတ်ပူစရာမလိုပါဘူး ကလေးရယ်။ ဖေဖေနဲ့မေမေ
ကလည်း Wanအတွက် ပျော်နေကြတာ။ ပြီးတော့
Wanမှာ Unnie အပြင် အစ်ကိုရော ယောင်းမရော
တူလေးတွေ တူမလေးတွေပါ ရှိသွားပြီလေ။ ပိုပျော်ဖို့
ကောင်းလာမှာပါ။ ကြောက်မနေနဲ့ ဟုတ်ပြီလား?"

Starry NightWhere stories live. Discover now