Ep.30

636 110 16
                                    

Starry Night
~~~

Zawgyi

Irene တို့ မိသားစု Taeyeonအဖေရဲ့နာရေးအခမ်း အနားကို ရောက်လာကြသည်။ အနက်ရောင်hanbok
ကိုယ်စီဝတ်လျက် Taeyeonတို့ သားအမိသုံးယောက် ဘေးမှာ မက်တပ်ရပ်လျက် လာတဲ့ဧည့်သည်တွေကို
ပြန်လည်အရိုအသေပေးနေတာကို Irene မြင်လိုက်
ရတော့ သူမရင်ထဲ တင်းကြပ်သွားသည်။

အမြဲသွက်လက်တက်ကြွလျက် အလုပ်ကြိုးစားတဲ့ သေးသေးသွယ်သွယ် မိန်းကလေးနှစ်ယောက်မှာ အခုအချိန်တွင်တော့ ဖျော့တော့တဲ့ မျက်နှာလေးများ
ဖြစ်နေကြသည်။

သူမရဲ့မိဘတွေက ဦးဆောင်လျက် ကွယ်လွန်သူကို
အရိုအသေပေးကာ ဓာတ်ပုံဘောင်ရှေ့တွင် ဂန္ဓမာပန်း
သုံးပွင့်ကို အလှည့်ကျ ချလိုက်သည်။

"အဆင်ပြေရဲ့လား အစ်မ?"

Irene ရဲ့အမေက သူမရှေ့က အမျိုးသမီးရဲ့လက်ကို
ဆုပ်ကိုင်လျက် နူးညံ့စွာ ပြောလိုက်သည်။ Irene ရဲ့
အဖေကတော့ ဓာတ်ပုံဘောင်ထဲက ပြုံးနေတဲ့ အမျိုးသား
ကိုပဲ အတန်ကြာ ဝမ်းနည်းစွာ ကြည့်နေသည်။ သူတို့
တွေက အချိန်တွေအကြာကြီး ခင်မင်လာခဲ့ကြတဲ့
သူတွေလေ။

"လာပေးလို့ ကျေးဇူးပါပဲ ညီမရယ်"

"ဒီစကားတွေ ပြောနေဖို့ လိုသေးလို့လား အစ်မရယ်"

Irene လည်း သူမရှေ့က ပြိုလဲမတတ်ဖြစ်နေတဲ့
ဖြူဖြူသေးသေး ကောင်မလေးကို ကြည့်ကာ ရင်တွေ
ကွဲကြေနေရသည်။ ဒီလိုအချိန်မှာ Wendyကို သူမ
ဖက်ကာ အားအင်တွေ ပေးချင်ပေမယ့် မလုပ်နိုင်သေး
တဲ့ သူမအဖြစ်ကို မုန်းတီးစွာ လက်သီးကို တင်းတင်း
ဆုပ်ထားသည်။

"Unnieတို့ အားတင်းထားပါ။ ဦးလေးလည်း အခုဆို
သက်တောင့်သက်သာနဲ့ ကောင်းကင်ဘုံမှာ အနားယူ
နေလောက်ပါပြီ"

Taeyeonကတော့ ဖျော့တော့စွာ ပြုံးပြလိုက်ပေမယ့်
Wendyမှာ နီရဲနေတဲ့မျက်ဝန်းမှာဖြင့် ကြမ်းပြင်ကိုသာ
စိုက်ကြည့်နေသည်။ Taeyeonမှာ သူမညီမလေးနဲ့
Irene တို့အဖြစ်ကို မြင်ရသည်မှာ နာကျင်ရသည်။
ချစ်လျက်နဲ့ ဝေးဖို့အကြောင်းက ဖန်လာတော့ သူမ
ဘယ်လိုလုပ်ပေးရပါ့မလဲ။ ဘာပဲဖြစ်​ဖြစ်​ သူမရဲ့ညီမကို
သူမ ယုံကြည်တယ်။ ထိုကလေးက Irene ကို ဒီတိုင်း
လွတ်ပေးလိုက်မှာတော့ မဟုတ်တန်ကောင်းပါဘူး။
သူမ Wendyရဲ့လက်ကို တင်းကြပ်စွာ ကိုင်ထားလိုက်
သည်။

Starry NightWhere stories live. Discover now