Ep.18

1K 141 36
                                    

Starry Night
~~~

Zawgyi

Yoonaတို့ပြန်ရောက်လာတော့ညနေစောင်းနေပြီ
မို့သူမတို့ကန်တော့ဖို့လုပ်လိုက်ကြတယ်လေ။

သူမတို့အမည်းရောင်အင်္ကျီတွေကိုဝတ်ထားပြီးတော့
Jessicaနဲ့Krystalကကန်တော့ပွဲပြင်ဆင်ထား
တဲ့ဓာတ်ပုံနှစ်ပုံရှေ့မှာရပ်နေပြီးဦးညွတ်ကာကန်တော့
လိုက်ကြသည်။ သူမတို့မိဘတွေရဲ့ပုံတွေလေ။

Yoonaနဲ့Taeyeonတို့ကတော့ဘေးမှာရပ်လျက်
သူမတို့ကိုကြည့်နေသည်။

Jessicaကတော့နေ့လယ်ကအဝငိုထားတာမို့ထပ်
ငိုစရာမျက်ရည်လည်းမရှိတော့တာကြောင့်တည်ငြိမ်
တဲ့ပုံစံပေါက်နေသည်လေ။

Krystalကတော့မျက်ရည်ကျချင်ပေမယ့်ကြိုးစား
ပြီးထိန်းထားသည်။ သူမကလေးလိုထပ်မငိုချင်တော့
ဘူးလေ။ သူမ ငိုရင်သူမအစ်မဝမ်းနည်းမှာလေ။

ဒါမှမဟုတ်လို့မနေနိုင်ရင်လည်းညမှYoonaရင်ခွင်
ထဲမှာငိုတာပေါ့လို့သူမတွေးလိုက်သည်။

"Unnie တို့ဒီနေ့အုတ်ဂူဆီသွားတာအဆင်ပြေရဲ့
လား?"

"အင်း...ပြေပါတယ်"

"Unnie ငိုသေးလားTaeyeon Unnie?"

Krystalကသူ့အစ်မကိုစရင်းTaeyeonကိုမေး
လိုက်သည်။

"အင်း...နည်းနည်းပေါ့"

ပြောပြီးသူမရယ်လိုက်သည်။

"အခုတော့Unnie မှာငိုရင်နှစ်သိမ့်ပေးမယ့်လူရှိ
သွားပြီပေါ့"

Krystalစကားကြောင့်Taeyeonပါးနှစ်ဖက်ပန်း
ရောင်သမ်းသွားသည်။

*အဲ့ကလေးဟာလေ..မလွတ်မလပ်စကားတွေနဲ့လူ
ကိုစလိုက်ရမှ*

"Jung SooJung..ပရမ်းပတာတွေပြောမနေနဲ့"

"Well..ညီမလေးပြောတာမှားမယ်တော့မထင်ပါဘူး"

"ပြောလေကဲလေပါလားနော်"

Krystalကတခစ်ခစ်ရယ်ရင်းသူ့အစ်မကိုစရတာ
သဘောကျနေသည်။

Yoonaကတော့အစသန်တဲ့သူမကြောင့်Taeyeon
ကိုအားနာနေလေသည်။

"ကဲ..Unnieတို့လည်းအပြင်သွားထားရတော့
ပင်ပန်းနေမှာ။ စောစောနားကြလေ"

Starry NightWhere stories live. Discover now