Ep.29

563 103 15
                                    

Starry Night
~~~

Zawgyi

ဒီနေ့က မမလေး ခွဲစိတ်မှုပြီးလို့ ပြန်လာမယ့်နေ့မို့
ကျွန်မ သူမကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
ဖေဖေ့ကျန်းမာရေးက မနေ့ကတည်းက တော်တော်
ဆိုးနေတာကို သိပေမယ့်လည်း မမလေးကို ခဏပဲ
ဖြစ်ဖြစ် တွေ့ချင်မိတာကြောင့် ညီမလေးနဲ့သေချာအပ်
ပြီး Jungအိမ်တော်ကို ထွက်လာခဲ့သည်။

အိမ်ပေါက်ဝရောက်တော့ ဘာရယ်ကြောင့်မှန်းမသိ
အထဲကို ဝင်ဖို့တုံ့ဆိုင်းနေမိတယ်။ သူမတော်တော်
စိတ်လှုပ်ရှားနေတာ။

"မင်း Taeyeonမဟုတ်လား?"

သူမအားမွေးပြီး ခြံတံခါးဘဲလ်ကို တီးဖို့အလုပ် ရင်းနှီး
သလိုရှိတဲ့ အသံတစ်သံကြောင့် သူမလှည့်ကြည့်လိုက်
သည်။

"စီနီယာHan?"

"Taeyeon ဟုတ်နေတာပဲ"

"စီနီယာက ဘယ်လိုလုပ်?"

"မင်းလည်း ဒီကိုလာတာလား?"

"ဟုတ်တယ်...စီနီယာ"

"မင်းက မပြောင်းလဲဘူးပဲ။ ကျောင်းတုန်းကအတိုင်း
ချစ်စရာကောင်းနေတုန်းပဲ"

သူမ MinJooကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။ သူက
ကျောင်းတုန်းက သူမအတွက် တကယ်ကို ကူညီတတ်တဲ့ စီနီယာတစ်ယောက် ဖြစ်ခဲ့တာလေ။

"စီနီယာက Yoonaနဲ့ ရင်းနှီးတာလား?"

"အင်း...သူနဲ့လည်း ရင်းနှီးပါတယ်။ ဒါပေမယ့် ဒီကို
လာတာတော့ ဒီအိမ်က မမလေးကို တွေ့ဖို့ပဲ"

"မမလေး? Jessicaလား?"

"ဟုတ်တယ်။ အကို ဘဲလ်တီးလိုက်မယ်နော်"

Taeyeon ခေါင်းညိမ့်ပြလိုက်သည်။ ခြံတံခါးပွင့်လာ
တော့ သူမတို့ အိမ်ထဲကို ဝင်လာခဲ့ကြသည်။

"Taeyeon-ah~ မင်းမမလေးဆီ လာတာလား?"

"ဟုတ်တယ် အဒေါ်ကြီး"

အဒေါ်ကြီးက သူမကို အားရဝမ်းသာ နှုတ်ဆက်သည်။

"နှစ်ယောက်သား ဘယ်လိုလုပ်အတူ ရောက်လာတာ
လဲ?"

"ခြံဝမှာ ဆုံကြတာ"

"ထိုင်ကြဦးကွယ်။ မမလေးSica ခုနကပဲ နေ့လယ်စာ
စားဖို့ သူဆင်းလာခဲ့မယ်လို့ ပြောသွားတယ်။ မမလေး
Yoonaနဲ့ မမလေးKrystalကတော့ အခုပဲ
Companyမှာ ကိစ္စရှိလို့ဆိုပြီး သေချာတောင် မနား
ရသေးပဲ အလောတကြီး သွားကြတယ်"

Starry NightWhere stories live. Discover now