Ep.26

488 83 21
                                    

Starry Night
~~~

Zawgyi

"Sica-ah..."

"အ...အကို"

Jessicaရဲ့ ဒီလိုပုံစံကို မြင်ရတာ သူ့နှလုံးသားတွေ
ကွဲကြေသွားသလို ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကို
အပြစ်တင်စိတ်ကလည်း ပိုပြီးကြီးထွားလာသည်။

"အကိုတောင်းပန်ပါတယ်ကွာ..."

Jessicaကို တွဲထားတဲ့ Krystalက သူ့အစ်မကို
လွတ်မပေးပဲ ပေပြီးရပ်ကာ ဟမ့်ခနဲလုပ်လိုက်သည်။

"Krystal~ ညီမလေး အကို့ကို စိတ်ဆိုးနေမယ်
ဆိုတာကို နားလည်ပါတယ်"

Krystalကတော့ သူ့ကိုနည်းနည်းလေးမှ မသနား။
သူက သူမတို့မိသားစုရဲ့ အရှုပ်တွေကြား ဘာမှမသိပဲ
ပါသွားတယ်ပဲပြောပြော သူမကတော့ သူ့အပေါ်မှာ
အရင်ကလည်း အမြင်မကြည်ခဲ့သလို ဘယ်တော့မှလည်း
အမြင်ကြည်လာမှာ မဟုတ်ပေ။ သူ့ကို သူမရဲ့အစ်မနဲ့
ဘယ်တုန်းကမှ သူမ သဘောမတူခဲ့ဖူးဘူး။ သူက သူမ
အစ်မကို နောက်ဆုံးအချိန်အထိ ကာကွယ်မပေးနိုင်ပဲ
မျက်ရည်ကျအောင် လုပ်တဲ့လူ။ ဒါပဲ သူမခေါင်းထဲမှာ
စွဲနေသည်။

"SooJung-ah~ Unnie တို့ စကားပြောဦးမယ်"

သူမ မလုပ်ချင်ပေမယ့်လည်း Jessicaကို ဆိုဖာမှာ
ထိုင်ခိုင်းလိုက်ပြီး သူမအခန်းထဲကို ပြန်သွားလိုက်သည်။

"ထိုင်ပါ"

"အကိုကြောင့် ဒီလိုတွေ ဖြစ်ရတာ။ အကို သူရဲဘော
ကြောင်ခဲ့လို့"

"ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့တော့ အကိုရယ်။
အကို့မှာ ရွေးချယ်စရာမှ မရှိခဲ့ပဲ။ ညီမလည်း အချိန်တွေ
ကြာလာတော့ ရင့်ကျက်သင့်သလောက် ရင့်ကျက်ခဲ့ပါပြီ။
အဲ့ဒါကြောင့် အကိုလည်း စိတ်ထဲခံစားမနေပါနဲ့တော့"

"မင်းမျက်လုံးတွေ...ဘယ်လောက်တောင် ကြောက်ခဲ့
မလဲကွာ" သူ အားမလိုအားမရဖြစ်ကာ လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်သည်။

"နောက်တစ်ပတ်ဆို ခွဲစိတ်လိုက်ရင် ပြန်ကောင်းသွား
မှာပဲ။ ပြီးခဲ့တာတွေကို ပြန်မတွေးပဲ ကောင်းတာတွေပဲ
လုပ်ရင်း ရှေ့ဆက်လျှောက်ရမယ်လို့ အကိုပြောခဲ့ဖူး
တယ်လေ"

Starry NightWhere stories live. Discover now