Ep.25

671 71 5
                                    

Starry Night
~~~

"Unnie~"

Taeyeon သူမအဖေကို သန့်ရှင်းရေးလုပ်ပေးဖို့
ရေစိုအဝတ်သွားယူရန် တံခါးကို ဖွင့်လိုက်တော့
Yoonaတို့ သုံးယောက်ကို တွေ့လိုက်ရသည်။

"Awwn Yoona"

Taeyeon သူမတို့သုံးယောက်ကို သူမအဖေ
လှဲနေတဲ့ ကုတင်တစ်ဖက်တစ်ချက်က ခုံတွေမှာ
ထိုင်ခိုင်းလိုက်သည်။ သူမတို့က ချမ်းသာတဲ့သူတွေ
မဟုတ်တော့ သူမအဖေအတွက် သီးသန့်လူနာခန်း
ဌားမပေးနိုင်ပေ။ Jessicaတို့လို လူချမ်းသာတွေ
ဒီလိုလူနာကုတင်တွေ တန်းစီနေတဲ့နေရာလေးမှာ
အဆင်မပြေဖြစ်မှာ သူမ စိုးရိမ်နေမိသည်။

"ဦးလေးအခြေအနေဘယ်လိုရှိလဲ?"

Jessicaတစ်ယောက် Taeyeonရှိမယ်ထင်တဲ့
နေရာကို မှန်းပြီးကြည့်ကာ မေးလိုက်သည်။

"ဆရာဝန်ကတော့ ဒီထက်ဆိုးရွားလာဖို့ပဲ ရှိတယ်လို့ ပြောပါတယ်"

"ဘာ! ဆရာဝန်တွေက အစွမ်းကုန်ကုပေးရမှာ မဟုတ်ဘူးလား? အဲ့ဆရာဝန်ကို ခေါ်လာခဲ့"

"မ...မဟုတ်ပါဘူး မမလေးရဲ့"

သူမ Jessicaရဲ့လက်မောင်းကို ဆွဲလိုက်ပြ်ီး
ရှင်းပြဖို့ လုပ်လိုက်သည်။ သူမရဲ့မမလေးဟာ စိတ်မရှည်တတ်တဲ့ ဒေါသအိုးလေးမဟုတ်လား။

"ဦးလေး နိုးလာဦးမယ် unnie ရယ်" Krystalက
အိပ်ပျော်နေတဲ့ Taeyeonအဖေကို ကြည့်ပြီး သူမ
အစ်မကို ပြောလိုက်သည်။

"ဖေဖေ့က အသက်လည်းရနေပြီိမို့ စက်ပစ္စည်းတွေ
အကူအညီနဲ့ မနေချင်ဘူးတဲ့။ ဖေဖေမလုပ်ချင်တဲ့
အရာကို Chawတို့်ကလည်း အတင်းအကြပ်မလုပ်
ခိုင်းရက်ဘူး။ အဲ့ဒါကြောင့် ဒီတိုင်းလေးပဲထားကြဖို့
စိတ်ကူးနေကြတာ"

သူမအဖေရဲ့ဆန္ဒကို မိသားစုဝင်တွေကိုယ်တိုင်ကိုက
အလေးထားကြတာမို့ Jessicaတို့လည်း ဆက်မ
ပြောတော့ပေ။

"မေမေကလည်း ဆိုင်ကိုပစ်ထားလို့မရ ညီမလေးက
လည်း ဝင်ခွင့်ဖြေထားတဲ့ရလဒ် မကြာခင်ထွက်လာ
တော့မှာမို့ ပြင်ဆင်စရာတွေ ပြင်ဆင်နေရတာကြောင့်
ဖေဖေ့အတွက် လူနာစောင့်က Chaw ကိုယ်တိုင်
လုပ်မှဖြစ်မယ့် အနေအထားဖြစ်နေတယ်။ အဲ့ဒါကြောင့်
မမလေးကို ဆက်ပြီးစောင့်ရှောက်ပေးနိုင်မှာ မဟုတ်
တော့ဘူးလို့ ပြောပါရစေ။ Chawအခြေအနေကို
နားလည်ပေးပါ"

Starry NightTempat cerita menjadi hidup. Temukan sekarang