special part 6(Unicode)

4.7K 128 47
                                    

"အရာအားလုံးကမင်းကစတယ်....ညီ''

"ဘာလို့လဲ "

နေသွေးခန့် လက်သွယ်သွယ်တို့အားပန်းပွင့်လေးအလားနူးညံ့စွာနမ်းရှိုက်ရင်း....

"ကိုယ်ပြောစရာလိုသေးလို့လား...... အဆိုးလေး...."

ထိုအခါ လျှမ်းဆက်၏ခပ်ဟဟရယ်မောသံပျံ့လွင့်လာတော့သည်။

"ကျွန်တော်အရမ်းဆိုးတာလား...."

"ဒါလည်းမလိုဘူး ညီကဒေဝဒတ်လိုလူမျိုးဆိုရင်တောင်ကိုယ်ချစ်မယ် ဘာလို့လဲ သိလား"

လျှမ်းဆက်ကခေါင်းခါရင်းအဖြေပြန်ပေးသည်။

"မသိပြန်ဘူးလား မဖြေဘူးကွာ ကိုယ့်ဘာသာစဥ်းစား"

"ဟာ အဲ့လိုမလုပ်နဲ့လေ ဒါနဲ့ ကာရန်လေးဘယ်အချိန်ပြန်သွားတာလဲ "

"မသိဘူး...."

"ကျွန်တော် ဒီရေကိုဖုန်းဆက်လိုက်မယ်....."

"မသိဘူး......"

"ဟော.....စိတ်ကောက်သွား ဟော ဟော......ခဏလေး ပြီးမှချော့မယ် ဟယ်လို အေး.....''

ခုတင်ပေါ်မှခုန်ဆင်းသွားသောနေသွေးခန့်အားခဏဘေးချိတ်ကာ ခေါ်လက်စဖုန်းကိုသာဆက်ပြောနေလိုက်သော်လည်း...
စိတ်ဆိုးချင်ယောင်ဆောင်နေသောနေသွေးခန့်ကတော့ TVကိုဖွင့်ပြီး အသင့်ထည့်ထားသောရေနှစ်ခွက်လုံးကိုယူသောက်ပြစ်လိုက်သည်။

"အဟွတ်....''

"သီးပြီမလား.....ဖြည်းဖြည်းမှမသောက်တာ..."

နေသွေးခန့်လက်ကာပြရင်းအဆင်ပြေကြောင်းဖော်ပြသည်။ရေခွက်အောက်ခြေတွင်မြင်လိုက်ရသောစာကြောင့် သီးသွားခြင်းကိုတော့ လျှမ်းဆက်မသိလိုက်ချေ....

"ဂုဏ်ယူပါတယ် မင်းကိုယ်ထဲကိုစိတ်ကြွဆေးတွေရောက်သွားပါပြီ...."တဲ့လေ ဒါကလည်းတစ်ခွက်ထဲမဟုတ် နှစ်ခွက်လုံးတွင်ရှိမှန်း အသိနောက်ကျသွားလေပြီ......စာရွက်နှစ်ခုအားလျှမ်းဆက်မမြင်အောင်လုံးချေပြီး ရေချိုးခန်းထဲပြေးရတော့သည်။
ရေချိုးခန်းထဲရောက်မှ....

-ဘယ်သူက ဒီလိုလုပ်မှာလဲ...-
ဟူ၍ခပ်ပေါ့ပေါ့သာတွေးပြီးအိမ်သာခွက်ထဲပြစ်ချကရေဆွဲချလိုက်သည်။

To My dearest.....(Completed!)Where stories live. Discover now