part 2(Unicode)

7.6K 244 0
                                    

ကျောပြင်​နောက်​မှကပ်​ပါလာမည့်​
ခပ်​ဆွေး​ဆွေးမျက်​ဝန်းတစ်​စုံကို​မျှော်​လင့်​တကြီး
ရှာ​ဖွေမိ​သော်​လည်း
​ညီဟာ တကယ့်​ကိုရင့်​မာတဲ့​ယောက်ျားသားတစ်​ယောက်​..
ညီက ကျ​နော်​ကို မုန်းတီး​နေတဲ့​ဒေါသ​တွေနဲ့
အကြည့်​တစ်​ချို့ကိုသာ
တနင့်​တပိုးထုတ်​ပိုး​ပေးလိုက်​တယ်​။

ကို​သေချာသွားပြီ ညီ
ညီ့ဆန္ဒကိုလိုက်​နာသင့်​မနာသင့်​..
ညီ့အကြည့်​တစ်​ခုထဲနဲ့တင်​
ကိုယ်​သေချာဆုံးဖြတ်​လိုက်​ပြီ။
ကိုယ်​လိုက်​နာဖို့အသင့်​ပါဘဲ...

​နေ​သွေးခန့်​လျှမ်းဆက်​မျက်​စိ​ရှေ့က​နေအ​ဝေးဆုံးကို
ထွက်​ခွာဖို့ ပထမဆုံး​ခြေလှမ်းကို​လေးကန်​စွာလှမ်းသည်​။
ဦးတည်​ရာက ဌာနရှိရာရှိစီ။
ပါ​မောက္ခချုပ်​ကြီးထံတွင်​ကျေင်းနားဖို့ခွင့်​တင်​သည်​။
ခက်​ခက်​ခဲခဲလက်​ခံပါ​သော်​လည်း
ဆရာမကြီးမှာမူ အ​ကြောင်းကိစ္စကိုကား​သေချာစွာမသိ​ပေ...

°•°•°•°•°•°
အရက်​အရှိန်​ကြောင့်​ခေါင်းကအုံခဲလျက်​
​နေ​သွေးခန့်​အိပ်​ယာထပ်​လူးလိမ့်​နေ​တော့သည်​။
နာရီက မနက်​၄နာရီ......

သက်​ပြင်းကို​လေးပင်​စွာချရင်း ...
အသင့်​ပြင်​ထားပြီး​သော အဝတ်​အိတ်​ကိုယူကာ
အ​ဝေး​ပြေးကားဖြင့်​ရန်​ကုန်​သို့......
ကိုယ်​တိုင်​ကား​မောင်းသွားဖို့​အ​ခြေအ​နေကမ​ပေး
​ခေါင်းပင်​မနဲမ လာရသည်​လေ။

အရင်​ဆုံးသတိရမိတာ
Uncle​လေးအပြင်​မရှိ​ချေ ။
ထို့​ကြောင့်​Uncle ရှိ​နေနိုင်​လောက်​မည့်​
ပြင်​သစ်​သို့ထွက်​ခွာသည်​။

ကိုယ့်​မေတ္တာ​ကြောင့်​ညီ​အေးချမ်းပါ​စေ....

°•°•°•°•°•°
ခြံဝန်း​လေးထဲက တစ်​ထပ်​တိုက်​ပု​လေး...
​ဆေး​ရောင်​လွင့်​ပြယ်​စပြု​နေပြီဖြစ်​သော်​လည်း
ငယ်​စဉ်​ကအမှတ်​တရ​တွေစီ​ခေါ်​ဆောင်​သွားနိုင်​စွမ်းက
မ​လျော့သွား​ပေ။

အုတ်​ကြွပ်ပြားမိုးထားပြီး မီးခိုး​ခေါင်​တိုင်​လေး
မှမီးခိုးအနည်းငယ်​လွင့်​ပျံ​နေသည်​။
​နေ​သွေးခန့်​ရင်​ထဲမှသိမ့်​ခနဲ​အေးချမ်းသွားသည်​။
လုံခြုံ သွားသလိုခံစားရ​စေသည်​။
အ​ကြောင်းကား....

To My dearest.....(Completed!)Where stories live. Discover now