Special part 2(Unicode)

2.8K 190 0
                                    

တောက်​ပ​သော​နေ​ရောင်​ခြည်​အောက်​တွင်​
အနက်​ရောင်​စလွန်းကား​တစ်​စီးသည်​
အ​ပြေးက​လေးခရီးနှင်​လျက်​ရှိ​လေသည်​။
နှစ်​ယောက်​ထဲခရီးထွက်​ချင်​သည်​ဟူ​သော
ပိစိ၏အမိန့်​တော်​အရ
စီး​တော်​ယာဉ်​ကိုကိုယ်​တိုင်​မောင်းရင်း
ပါရမီဖြည့်​ရ​တော့သည်​။

​လမ်းတစ်​လျှောက်​လုံး
သီချင်းဆိုပြလိုက်​..
မုန့်​စားလိုက်​...
နားတဲ့​နေရာ​တွေမှာ
ဓာတ်​ပုံရိုက်​လိုက်​နှင့်​ပျော်​နေ​သော​
က​လေး​ပေါက်​စ​ကြောင့်​
​နေ​သွေးခန့်​မှာကား​မောင်းရသည်​ကိုပင်​
ပင်​ပန်းသည်​ဟုမထင်​မိ.....
ထိုအပြင်​
လုပ်​ချင်​တာ​တွေလုပ်​နေရင်းတရွှတ်​ရွှတ်​နှင့်​
လာနမ်း​နေတတ်​သော
လျှမ်းဆက်​က​တော့
ကားစတီယာရင်​ကိုကျစ်​နေ​အောင်​ဆုပ်​ကိုင်​ထား​သောလက်​တစ်​စုံကိုမြင်​နိုင်​မည်​မထင်​
​နေ​သွေးခန့်​မှာ​တော့...
ထိန်းမရ​အောင်​ခုန်​ပေါက်​နေ​သော
ရင်​ခုန်​သံတစုံတရာအား
သတိမထားမိ​စေရန်​
​ရှေ့တည့်​တည့်​မှ မဲနက်​သော
ကတ္တရာလမ်းကိုသာအကြည့်တို့ပို့ထားမိသည်​။
မနက်​နိုးနိုးချင်းချီတက်​လာကြသည်​မှာ
ည​နေပင်​စောင်းလာ​ချေပြီ.....

ကျွန်​တော့်​အဆို​တော်​ကြီးလည်း
ပင်​ပန်းကာအိပ်​ပျော်​သွား​ချေပြီ....
ည​နေစာအတွက်​
ခရီးတစ်​ထောက်​နားစရာလည်း
​နေရာကမရှိသည်​မို့
​နေ​သွေးခန့်​စက်​ရှိန်​ကိုမြှင့်​ကာ
လိုရာအရပ်​သို့အန္တရာယ်​ကင်းကင်း
​ရောက်​ရန်​သာဦးတည်​မိ​တော့သည်​။

"အကိုနာမည်​လေး..."

​ဧည့်​ကြို​ကောင်​တာမှမိန်းက​လေးတစ်​စု၏
အကြည့်​တို့က ကျွန်​တော့်​ရင်​ခွင်​ထဲတွင်
သိမ်း​ပွေ့ထား​သောကျွန်​တော့က​လေးစီမှာ....
တစ်​ချက်​မျှစူးခနဲ့ကြည့်​လိုက်​ရင်း
လျှမ်းဆက်​၏မျက်​နှာအား
ရင်​ခွင်​ထဲတိုး​ဝှေ့​လျက်​
​ပျောက်​ကွယ်​စေလိုက်​သည်​။
ထို့​နောက်​တွင်​တော့​လေသံခပ်​မာမာဖြင့်​

"​နေ​သွေးခန့်​ပါ bookingတင်​ထားပြီးသားပါ "

"​အော်​ဟုတ်​ကြွပါရှင်​"

To My dearest.....(Completed!)Where stories live. Discover now