part 10(Unicode)

3.5K 173 6
                                    

"မင်း.....ဘယ်​သူလဲ "

​စိုင်းတို့အုပ်​စုထဲမှ​မေးမြန်းလိုက်​ခြင်းဖြစ်​သည်​။
​နေ​သွေးခန့်​လျှမ်းဆက်​နှင့်​မျက်​နှာချင်းဆိုင်​ရပ်​လိုက်​ပြီး

"ငါ့အတွက်​.........​နေမင်း "

​နေ​သွေးခန့်​အ​ဖြေ​ကြောင့်​
လျှမ်းဆက်​ရင်​ထဲ​ဗလာကျင်းသွားသည်​။
ဘာမှမရှိ​တဲ့အခန်းထဲ​အရာဝတ္ထုတစ်​ခုခုထည့်​ထားရင်​
ထင်း​နေမှာမဟုတ်​လား....
လျှမ်းဆက်​ရင်​ထဲတွင်​နေ​သွေးခန့်​၏
စကားတစ်​ခုထဲသာထင်​ထင်​ရှားရှားရှိ​နေသည်​။

လျှမ်းဆက်​နေ​သွေးခန့်​နှင့်​မျက်​လုံးချင်းမစုံရဲ​သေးပါ။
မိမိကိုကြည့်​နေမည်​ဆိုတာ​သေချာ​နေပါ​သော်​လည်း
လျှမ်းဆက်​ရင်​မဆိုင်​ရဲ.........

တဆက်​ဆက်​တုန်​နေ​သောဒူးကို
မရိပ်​မိ​စေရန်​ထိန်းထား​သော်​လည်း
အရာမထင်​......
ငါရူး​နေပြီ ဘာလို့လာခဲ့တာလဲ

ခုဏကဖြစ်​နေ​သောဝမ်းနည်းမှု​ကဘယ်​နားအစရှာရမှန်းပင်​မသိ။အခုချိန်​မှာ လျှမ်းဆက်​ပျော်​နေသည်​။

မျက်နှာတွင်​
ပြုံးစိစိဖြစ်​လာ​သောကြောင့်​
နှုတ်​ခမ်းကိုအားနှင့်​ဖိကိုက်​ရင်း
မျက်​လုံးကိုပါပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပစ်​သည်​။
​လျှမ်းဆက်​ပုခုံးအားလက်​ဖြင့်​ဖွဖွညစ်​ပြီး

"လာ...ကိုယ်​တို့စကား​ပြောရ​အောင်​"

သို့​သော်​လျှမ်းဆက်​ခန္ဓာကိုယ်​အား
လက်​ဖဝါး​နွေး​နွေးနှင့်​ထိမိလိုက်​သည့်​ခဏတာအတွင်း
အင်​အား​တွေစုပ်​ယူသွားသလို
လှုပ်​ရှားနိုင်​စွမ်း​တွေမရှိ​တော့....

​နေ​သွေးခန့်​မလှုပ်​မယှက်​ရှိ​နေ​သော လျှမ်းဆက်​လက်​အား
လက်​ကောက်​ဝတ်​မှကိုင်​ကာ

"လာ​လေ ညီ....."

ဟုတ်​တယ်​အဲ့ဒီ​ခေါ်သံ​တွေကို ကျွန်​တော်​ကြားချင်​နေခဲ့တာ...

လျှမ်းဆက်​နေ​သွေးခန့်​အားမဝံ့မရဲကြည့်​တော့
တည်​ငြိမ်​အေး​ဆေး​သောအပြုံးတစ်​ခုဖြင့်​တုံ့ပြန်​သည်​။
လျှမ်းဆက်​ခေါင်းအသာငြိမ့်​ပြ​တော့
ကိုင်​ထား​သောလက်​ကိုမလွှတ်​ဘဲ
ကားရှိရာသွားသည်​။

To My dearest.....(Completed!)Where stories live. Discover now