part 25(Unicode)

2.9K 123 0
                                    

ဆေးရုံစင်္ကြံလမ်းတ​လျှောက်​မိုးသံနှင့်​အတူ
​ခြေသံတစ်​ချို့ဖြင့်​ဆူညံသွားသည်​။
အသိမဲ့​နေ​သော​ကောင်​ငယ်​လေး၏ခန္ဓာကိုယ်​အား
​ထွေးပိုက်​လျက်​အရူးတစ်​ယောက်​သဖွယ်​
မိုး​ရေထဲ​ပြေးလွှားလာခဲ့​သော​ကောင်​လေး........
မိုး​စက်တို့လည်း​အလိုက်​မသိစွာပက်​ဖြန်း​ထား​လေသည်​။

"ညီ ထပါကွာ ညီ "

​ပြေးရင်းတချက်​ချက်​ဖက်​တွယ်​ထား​သော
ပုခုံးအားလှုပ်​ခတ်​ရင်း​ခေါ်ရှာ​သေးသည်​။
​သို့​သော်​...............

"အန်​ကယ်​အန်​ကယ်​"

"ဝင်​လို့မရပါဘူး အကို ခဏ​စောင့်​ပါ "

စာရင်းဇယားအတိုင်း​ရှေ့လူနာမပြီးမချင်းမဝင်​ရန်​
စာရင်း​ကိုင်​ဝန်​ထမ်း၏ တားမြစ်​စကား
"​ရှေ့လူ​တွေပြီးမှဝင်​လို့ရပါမယ်​"

"ကျွန်​တော့်​ကိုခွင့်​ပြုပါ ညီ ညီအိပ်​ပျော်​နေတယ်​ကျွန်​တော့်​လက်​ပေါ်မှာဆို နာ​နေလိမ့်​မယ်​"

မျက်​ရည်​များနှင့်​ထို​ကောင်​လေး၏စကားကိုမျက်​ကွယ်​ပြုနိုင်​မည်​သူ​တော့ရှိမည်​မထင်​

"​တော်​တော်​မ​ကောင်းဘူးထင်​တယ်​"

"သွားပါ​စေ သွား သွား "

"​သေသွားရင်​ခင်​ဗျားတာဝန်​ယူမှာလား "

"ဘာဖြစ်​လာတာလဲ က​လေးတို့ရယ်​ဝင်​ဝင်​"

တန်းစီထိုင်​နေ​သော လူနာတချို့နှင့်​လူနာ​စောင့်​များ၏ စကားသံများကျယ်​လောင်​လာသည်​။
ထိုအခါ သူနာပြုဆရာမ ထွက်​လာပြီး.....

"​ဒေါက်​တာ Emergency "

​ဒေါက်​တာဦးမိုးသက်​လူနာတစ်​ဦးနှင့်​ဆွေး​နွေး​နေရာမှ
ဆူညံသံများရှိရာထွက်​လာသည်​။

"ဟင်​လာလာ​မောင်​နေ​သွေးခန့်​သူ
သူဘယ်​လိုဖြစ်​တာလဲ "

လက်​ထဲမှ လျှမ်းဆက်​ကိုမြင်​သည့်​အခါ
ဦးမိုးသက်​လန့်​ဖြန့်​သွားရသည်​။

"ကျွန်​တော်​နဲ့​စကား​ပြော​နေရင်း​ခေါ်လို့မရ​တော့တာ "

To My dearest.....(Completed!)Où les histoires vivent. Découvrez maintenant