part 6(Unicode)

3.8K 145 4
                                    

နှစ်​လ​လောက်​အချိန်​ယူပြီးသည့်​နောက်​
စာသင်​ဖို့ရန်​ဆက်​သွယ်​မှုအဆင်​ပြေလာသည်​။
​နေ​သွေးခန့်​သည်​အကူတစ်​ယောက်​အဖြစ်​သာ​ဘေးမှက​လေး​တွေကိုထိန်း​ပေးရသည်​။
များ​သောအားဖြင့်​ထိုင်​ကြည့်​နေရုံသာ......
ဒီ​နေ့​တော့ Allyက ရုပ်​ပြစာအုပ်​ဖြင့်​က​လေး​တွေကိုပုံပြင်​ပြောပြ​နေ​လေသည်​။

Ally ကတကယ်​တော့ ဆန်းကြယ်​တယ်​
Clubလိုမျိုးအလင်း​ရောင်​မှိန်​မှိန်​မှာ​တွေ့ရတဲ့အခါ
တစ်​ကိုယ်​လုံး ဆွဲ​ဆောင်​မှု​တွေပြည့်​နေတဲ့​မြေ​ခွေးမ​လေး....
တခါတ​လေ..
ကျွန်​တော့်​ကိုလုံးဝမသိတဲ့သူစိမ်း​မိန်းမတစ်​ယောက်​....
တချို့​နေ့​တွေမှာ​တော့
ကျွန်​တော့်​ကိုခင်​ပြီးလိုက်​တွယ်​ကပ်​နေတဲ့ကပ်​ပါးတစ်​ကောင်​..
သူမဟာကျွန်​တော့်​ကိုပုံစံမျိုးစုံနဲ့ဆက်​ဆံတယ်​။
အခု​တော့
သူမဟာ သိပ်​ကိုဖြူစင်​တဲ့ အပြုံးလှလှ​လေး​တွေနဲ့
ရှိ​နေပြန်​တယ်​။

​နေ​သွေးခန့်​အ​တွေး​တွေကိုမျက်​နှာကိုမဲ့လျက်​အဆုံးသတ်​ပြစ်​သည်​။
ငါကဘာလို့အမှိုက်​ပုံးအ​ကြောင်းစဉ်းစား​နေတာလဲ....

"​သွေး....."

Ally ဟာရင်းနှီးစွာ​ခေါ်ရင်း​နေ​သွေးခန့်​
စီ​လျှောက်​လာ​နေသည်​။
​နေ​သွေးခန့်​ပြုံးရင်းသာ

"အင်း...."

"ပျင်း​နေပြီလား "

"မပျင်းပါဘူး က​လေး​တွေကချစ်​ဖို့​ကောင်းတယ်​
စိတ်​ဝင်​တစားနဲ့နား​ထောင်​နေကြတယ်​"

"ဟုတ်​တယ်​ဒီအလုပ်​ကိုလုပ်​ရတာ သူတို့​လေး​တွေ​ကြောင့်ဘဲ"

မထင်​ထားဘူး မင်းမှာ ဒီလိုစိတ်​ထားလှလှ​လေးရှိလိမ့်​မယ်​လို့

"အင်း "

Allyက သူ့ကိုကြည့်​မ​နေပါ ။
​ဆော့ကစား​နေကြ​သော က​လေးတစ်​စုအားကြည့်​ရင်း

"​သွေးက​ရော...."

"ဟင်​ဘာကို​မေးတာလဲ "

Ally​ငေး​နေရာမှ​နေ​သွေးခန့်​အားကြည့်​ကာ

"ဒီကိုလာရတဲ့အ​ကြောင်း.."

"​အော်​ကျွန်​တော့်​အတွက်​အဆင်​ပြေမယ်​ထင်​လို့ပါ "

To My dearest.....(Completed!)Wo Geschichten leben. Entdecke jetzt