part 20

2.1K 75 0
                                    

"မင်း ဒါဘာလုပ်​လိုက်​တာလဲ ဒါမင်းနဲ့ဆိုင်​လား
သူတို့ကိစ္စ​လေ မင်းကွာ "

ဖုန်းကိုကိုင်​ကာအခန်းထဲဝင်​လာ​သောစိုင်းအသံ​ကြောင့်
ဇနီးဖြစ်​သူလန့်​သွားပြီး

"​မောင်​ ဒီလို​အော်​စရာမလိုဘူး
ရှင်းရတုကဟို​နေ့က
နေ​သွေးခန့်​နဲ့ဟို​ကောင်​​လေးပုံလာပြတယ်
ရတုလဲ Ally့ ကိုမိန်းမချင်းကိုယ်​ချင်းစာတယ်
သူက​နေ​သွေးခန့်​တမျက်​နှာနဲ့ ဒီကိုလိုက်​လာခဲ့တာ "

"​နေစမ်းပါဦး မင်းကဘယ်​တုန်းကAllyနဲ့အဲ့​လောက်​ရင်းနှီးသွားရတာလဲ "

"​မောင့်​​လေသံကို​လျှော့လိုက်​ ပြီးမှ​ပြောမယ်​ "

"မ​လျှော့နိုင်​ဘူး ​နေကြီးစိတ်​ကိုငါသိတယ်
သူက ရည်​ရွယ်​ချက်​တစ်​ခု​ကြောင့်​ပဲဖြစ်​လိမ့်​မယ်
ပြီး​တော့
လျှမ်းဆက်​ကအရမ်းရိုးသားတာ ခု​တော့
မင်းလုပ်​ရပ်​ကကွာ မင်းတို့မိန်းမ​တွေကိုနားမလည်​တာအဲ့တာ​တွေလည်းပါတယ်​ "

ရှင်းရတုသည်​စိုင်း၏ခယ်​မဖြစ်​ကာ
ခုမှ​ကျောင်းစတတ်​​နေသည့်
Fujoshiမ​လေးဖြစ်​သည်​။
(A/N မှတ်​မိကြရဲ့လား )
စိုင်းက​အစ်​မဖြစ်​သူကိုလက်​ထပ်​ပြီး
မိန်းက​လေးအိမ်​တွင်​သာလိုက်​​နေ​​သည်​။
ဆယ်​​ကျော်​သက်​​ကောင်​မ​လေးပီပီမဟုတ်​တာ​တွေနှင့်
ပျက်​စီး​နေသည်​မဟုတ်​ဘဲ
Fujoshiဆို​တော့ တ​နေ့​တ​နေ့ ​ရွှေရတုကို
ဘယ်​​ကောင်​​လေးနှင့်​ဘယ်​​ကောင်​​လေးကဘယ်​လိုဘယ်​​ရွေ့ ဆိုကာ
လာလာ​ပြော​ပြ​နေကြ
ရွှေရတုကလည်း နား​ထောင်​​ပေးပြီး
တခါတ​လေ သူပါ​ရောပြီးship​ပေး​နေတတ်​သည်​ကို
အခု​တော့ ​​ဘာမဆိုင်​ညာမဆိုင်
စိုင်း ဖုန်း​ယူသုံး​နေစဉ်
လျှမ်းဆက်​နှင့်​တိုးပြီး
လျှာဝင်​ရှည်ခြင်း​​ကြောင့်
စိုင်းနှင့်​ရန်​ဖြစ်​​နေခြင်းသာဖြစ်​သည်​။

"​မောင်​​တော်​ပြီ ​မောင့်​သူငယ်​ချင်းအတွက်​နဲ့
ရတုကို​အော်​တယ်​ ဟုတ်​လား "

"​အေး မင်းက​ရော​​မောင့်​ကိုအသိအမှတ်​ပြု​သေးရဲ့လား
ခုမှစသိတဲ့သူအတွက်​သူများကြား​တောင်​ဝင်​တတ်​​နေပြီလား
ဟမ်​....​ရွှေရတု"

To My dearest.....(Completed!)Where stories live. Discover now