part 22

2.2K 76 0
                                    

Bgm Chennie နဲ့Chan yeollieရဲ့If we love again ​လေးပါ 😚
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

ကျွန်​​တော်​ အိမ်​ပြန်​ပို့​ပေးမည်​ကို
ညီကလက်​မခံ
သည်​လိုနှင့်​ ကျွန်​​တော်​က ညီစီး​သော YBS ​ပေါ်သို့
အတင်းကုတ်​တက်​ပြီးလိုက်​လာရသည်​။
ညီကမလိုက်​​စေချင်​...
အားနာ​နေ​သောမျက်​ဝန်းတို့ကို မသိခြင်​​ယောင်​​ဆောင်​ရင်း
ညီ့​ဘေးတွင်​ခပ်​တည်​တည်​ဖြင့်​မတ်​တပ်​ရပ်​သည်​။
ညီ့ကကျွန်​​တော့်​ရင်​ခွင်​ထဲလုံးလုံးမြုပ်​မ​နေပါ။
ညီပုခုံးနှင့်​လည်​ပင်း​သား​လေးကကုန်းကိုက်​ချင်​စရာ...
ည​နေ​စောင်း YBS ကလူ​ချောင်​မ​နေ​သော်​လည်း
အတင်းတိုး​ဝှေ့ ရင်း ညီဆင်းသွားသည်​။
မတိုးတက်​​သောကျွန်​​တော်​က ညီအင်္ကျီစ ကိုကိုင်​ရင်း
ညီ့​နောက်​ကလိုက်​သည်​။
(A/N ​အော်​ ​တော်​​တော်​​ကောင်းတယ်​ )

"ပြန်​​တော့ "

ကား​ပေါ်ကဆင်းပြီး
နှစ်​လှမ်းသုံးလှမ်းလှမ်းရုံရှိ​သေးသည်
နေ​သွေးခန့်​ရှိရာမျက်​နှာမူလျက်
ခြေစုံကိုရပ်​ကာ
ပြောလာ​သောလျှမ်းဆက်​...

"အိမ်​ထဲထိလိုက်​ပို့မယ်​​လေ "

"ကျွန်​​တော်​ပြန်​တတ်​ပါတယ်​ ခင်​​ဗျားပြန်​​တော့ "

ညှိုးငယ်​​သောမျက်​ဝန်းတို့မှ အ​ဖြေတချို့ရှာကြည့်​မိ​သော်​လည်း
မထူးခြား.....

နေ​သွေးခန့်​​ခေါင်းကိုအသာငြိမ့်​ကာ
ချစ်​ရသူအလိုကျ

"အင်း ပြီး​ရော အဲ့ဒါဆို တာ့တာ "

ဟု​​​ပြောရင်း​လက်​ကို​ဝေ့ယမ်းပြသည်​။
လျှမ်းဆက်​လည်းလက်​ပြန်​ပြရင်း

"ခင်​​ဗျား ကားပြန်​စီးတတ်​လား "

"ရတယ်​ မပူနဲ့ ကိုယ်​ ကားလာပို့ခိုင်းထားတယ်​ "

"ဒါဆို ကျွန်​​တော်​သွားပြီ "

ချာခနဲလှည့်​ထွက်​သွား​သော လျှမ်းဆက်​အား
နေ​သွေးခန့်​ ပြုံးပြုံးကြီးကြည့်​ကာ သ​ဘောကျ​နေ​တော့သည်​။

________________________

"L ဒီ​နေ့အန်​ကယ့်​စီသွားမှာမဟုတ်​လား "

To My dearest.....(Completed!)Where stories live. Discover now