part 8(Unicode)

3.5K 142 0
                                    

BGM Someone Like You-CBX
(​A/N အဲ့ဒါ​ကို​မေ့​မေ့ပြီး publish တင်​မိ​နေတယ်​
Miyanae)
.
.
.
.
.
.

စားပွဲခုံတွင်​အလုပ်​ရှုပ်​နေသည့်​
မြင်​နေကျ
ေ​ကျာပြင်​ငယ်​မဟုတ်​
ကျွန်​တော်​ပြန်​အလာကို​စောင့်​မျှော်​နေသည့်​
ကျွန်​တော့်​ရဲ့အလှဆုံးအမျိုးသမီး......

"​မေ​မေ ...."

သစ်​သားအိမ်​စုတ်​လေးထဲ အိမ်​အလုပ်​တွေလည်း
ခက်​ခက်​ခဲခဲလုပ်​ထားပုံ​ပေါ်သည်​။
အရင်​လိုSofa အ​ကောင်းစားတွင်​ထိုင်​ဖို့​ဝေးစွ
ပြာပြာသလဲခင်း​ပေး​သော ဖျာစုတ်​လေးတစ်​ချပ်​
​ဆေးရုံတွင်​၄လခန့်​သောင်​တင်​နေပြီး
အခုမှအိမ်​ဆိုသည့်​နေရာပြန်​လာ​သော်​ညား
စိတ်​မချမ်း​မြေ့ဖွယ်​....
ခင်း​ပေး​သောဖျာ​ပေါ် Rhyme နှင့်​လျှမ်းဆက်​တို့နှစ်​
ယောက်​လုံးစုထိုင်​လိုက်​ကြသည်​။
ဒီ​ရေက ဝယ်​လာ​သောအထုပ်​တွေကို ဆွဲရင်း
​ဒေါ်မာလာနှင့်​အတူ မီးဖို​ချောင်​ထဲဝင်​သွားသည်​။
လျှမ်းဆက်​အိမ်​ကိုလှည့်​ပတ်​ကြည့်​နေသည်​။
Rhyme က

"​ယောက်​ဖ​အဲ့လိုဖြစ်​သွားထဲက
အန်​တီက လုပ်​ငန်း​တွေဘက်​ကိုလှည့်​မကြည့်​နိုင်​တော့တာ
မန်​နေဂျာဖြစ်​တဲ့ ဦး​နိုင်​က
ကြားထဲကပိုက်​ဆံ​တွေကိုလက်​ဝါးကြီးအုပ်​ပြီး
လုံလုံ​လောက်​လောက်​မထုတ်​ပေးတာ​ကြောင့်​
ပစ္စည်း​တွေအရည်​အ​သွေး​တွေ​လျော့ကုန်​တယ်​
အဲ့ဒီ​တော့​အန်​တီနာမည်​ပျက်​တာ​ပေါ့​ဗျာ
ခု​တော့​ယောက်​ဖ​ဆေးရုံစရိုက်​တွေ​ရော
စားဝတ်​နေ​ရေးအတွက်​ရော အန်တီက​ရှိတာ​လေး​တွေ
​ထုခွဲရ​တော့တာ​ပေါ့​နောက်​ဆုံးဒီလိုအ​ခြေအ​နေ​ရောက်​တာဘဲ ကျွန်​တော်​တို့အကူအညီကိုလည်းလက်​မခံဘူး​လေ
ကျွန်​တော်​နားလည်​ပါတယ်​အန်​တီလည်းမာနရှိ​သေးတယ်​လေ အဲ့ဒါ​ကြောင့်​ကျွန်​တော်​တို့လည်းတတ်​နိုင်​တဲ့ဘက်​ကအကူအညီ​ပေးရ​တာ​ပေါ့ "

Rhyme​ပြောသမျှကို လျှမ်းဆက်​သက်​ပြင်းတချချနှင့်​နား​ထောင်​နေသည်​။
စိတ်​ဓာတ်​လည်းအ​တော်​ကျသွားပုံရသည်​။

"ပဲခူးကအိမ်​က​ရော...."

"မရှိ​တော့ဘူး​လျော်​ကြေး​ပေးလိုက်​ရတယ်​အော်​ဒါတင်​ထားတဲ့ပစ္စည်း​တွေအတွက် "
Rhyme စကားအဆုံး နှစ်​ယောက်​ပြိုင်​တူသက်​ပြင်းချမိသည်​။

To My dearest.....(Completed!)Where stories live. Discover now