part 1(Unicode)

12.8K 388 12
                                    

တိတ်​ဆိတ်​သောရပ်​ကွပ်​လေးတစ်​ခုထဲတွင်​
တစ်​ထပ်​တိုက်​ပု​က​လေးသည်​ခြံဝန်းထဲတွင်​
ချစ်​စရာ​ကောင်းစွာတည်​ရှိ​နေသည်​။
ခြံဝန်း​လေးထဲတွင်​သရက်​ပင်​ကဲ့သို့အရိပ်​ရ​သောအပင်​တချို့နှင့်​အလှစိုက်​ထား​သော ရွက်​လှ နှင်းဆီရုံ စံပယ်​ရုံတို့နှင့်​သေသပ်​စွာရှိ​နေ​လေသည်​။
ခြံ​ရှေ့သရက်​ပင်​အောက်​တွင်​ထိုင်​ခုံတန်း​လေးရှိပြီး
​ကောင်​လေးတစ်​ယောက်​စာထိုင်​ဖတ်​လျက်​ရှိသည်​။

"​ပေ​ပေ."

စကား​ပြောတတ်​ခါစ လမ်း​လျှောက်​တတ်​ခါစ က​လေးငယ်​၏ မပီတပီ​ခေါ်သံ....
စာဖတ်​နေရာမှ ပြုံး၍​မော့ကြည့်​လာ​သော​သူ.....
ဆံပင်​ညိုညိုတို့ကနဖူး​ပေါ်ဝဲကျလျက်​
လက်​ချောင်းသွယ်​သွယ်​တို့ဖြင့်​စာအုပ်​ကိုအသာအယာ​ဘေးကိုချရင်း...
လက်​နှစ်​ဖက်​ကို​ရှေ့ကိုဆန့်​တန်းကာ..

"လာပါဦး​ပေ​ပေ့စီကို"

က​လေးငယ်​က​ပျော်​ရွှင်​မြူ ထူးစွာ
​ပြေးလာသည်​။
​ရင်​ခွင်​ထဲတွင်​ပွေ့ချီထား​တော့ ပုခုံး​ပေါ်​မေးတင်​ထားကာ

"​ပေ​ပေ."

"အွန်း...အိပ်​ချင်​ပြီးလား သားသား"

လုံးလုံးတုတ်​တုတ်​လေးဖြစ်​သော က​လေးငယ်​အား
​ပွေ့ချီရင်း​ချော့သိပ်​ရန်​ခန္ဓာကိုယ်​အား အနည်းငယ်​လှုပ်​ရမ်းသည်​။​ကျောပြင်​ငယ်​အားလည်း အသာအယာပွတ်​ရင်း​ချော့မြူ​နေသည်​။

"​နေ...."

"ရှူး.....သားသားအိပ်​တော့မယ်​"

အသံကြားသည်​နှင့်​ခေါင်း​ထောင်​လာ​သောက​လေးငယ်​အားပြန်​လည်​ချော့မြူ ရင်း အိပ်​စေသည်​။သို့​သော်​..

က​လေးငယ်​ကားအိပ်​မ​ပျော်​သေး...
ကက​လေးငယ်​အား ထိုသူမှလက်​ပြောင်းချီ​တော့
လည်​ပင်းအားသိုင်းဖက်​ထားသည်​။

"လာအိမ်​ထဲဝင်​လေ ...."

"မဝင်​တော့ဘူး​နေ...ကိုယ်​အိမ်​ပြန်​ရမယ်​...သူ​စောင့်​နေတယ်​"

​နေ ခန့်​ညားကိုစိတ်​ပျက်​သည်​။
ခန့်ညား​ဆိုတာ​နေချစ်​ရတဲ့သူ
သို့​သော်​......​သူက​နေထပ်​သူ့ကိုယ်​သူပိုချစ်​တဲ့သူ
သူ့အသိုင်းအဝိုင်းက ဒီလိုကိစ္စကိုရွံရှာကြမှန်းသိ​တော့
သူနဲ့​နေ ချစ်​သူဖြစ်​တာလည်း ဘယ်​သူမှမသိ​ခဲ့ရ
သားသား ရှိလာတာလည်း
ဘယ်​သူမှသတိမထားမိ​အောင်​သူသိပ်​တော်​တယ်​။
နိုင်​ငံခြားကိုပို့ပြစ်​ပြီး...
အဲ့နိုင်​ငံမှာဘဲ အိမ်​က​ပေးစားတဲ့
ကောင်မ​လေးနဲ့လက်​ထပ်​ပြီးလာ​နေတယ်​။
ဒါကလည်း သူ့ရဲ့တစ်​ဦးတည်း​သော​သွေးသားဖြစ်​တဲ့
သားသား​ကြောင့်​သူ့အမျိုးသမီးက ကိုယ်​ဝန်​မ​ဆောင်​နိုင်​ဘူး​ပြောတယ်​။

To My dearest.....(Completed!)Where stories live. Discover now