part 21

2.3K 68 5
                                    

"ညီ ကိုယ့်​မှာညီ့အတွက်​လက်​​ဆောင်​ရှိ​တယ်​ "

ခင်​​​ဗျားရဲ့အချစ်​​တွေနဲ့တင်​ကျွန်​​တော်​ကလုံ​လောက်​​နေပါပြီ
ဒြပ်​ရှိတဲ့လက်​​ဆောင်​ဆိုရင်​ခင်​​ဗျားကလွဲပြီး
ကျန်​တာမလိုချင်​ဘူး...

လျှမ်းဆက်​ စကားလုံး​ပေါင်းများစွာကိုမျိုသိပ်​ကာ
ခေါင်းကိုတခြမ်း​စောင်းပြီး​နေ​သွေးခန့်​မျက်​နှာကို​ငေးစိုက်​ကြည့်​ရင်း

"ဘာလဲ "

နေ​သွေးခန့်​ လျှမ်းဆက်​နဖူးပြင်​အား ကြာရှည်​စွာနမ်းရှိုက်​ရင်း
ခေတ္တမျှငြိမ်​သက်​​နေသည်​။
နမ်းလို့​ကျေနပ်​သွားမှ

"သိချင်​လား "

လျှမ်းဆက်​မှိတ်​ထား​သောမျက်​လုံးအား​ဖြေးညှင်းစွာဖွင့်​ရင်း
ခေါင်းငြိမ့်​ပြသည်​။

"လာ "

နေ​သွေးခန့်​ လျှမ်းဆက်​အားပုခုံးကိုဖက်​ထား​တော့
ပုခုံးပြင်​ကျယ်​အတွင်းအတိအကျ ဝင်​သွား​သော
ခန္ဓာကိုယ်​​လေး.......
အရင်​​နေ့ကထပ်​​ဖြူ​ ​ဖျော့​နေကာ
မျက်​နှာလည်းမ​ကောင်း...

"ညီ ​"

ရင်​ခွင်​ထဲမှ​ခေါင်း​မော့လာ​သော​ကောင်​က​လေး

"​နေမ​ကောင်းဘူးလား "

ခေါင်းကိုတွင်​တွင်​ခါ​နေ​သော်​လည်း
ညှိုးငယ်​​သောမျက်​ဝန်းတစ်​စုံက​တော့
လိမ်​မ​ပြောတတ်​​ပေ....

"​နေ ကိုယ်​စမ်းမယ်​ "

ညာဘက်​လက်​ဖမိုးကလျှမ်းဆက်​နဖူး​ပေါ်အသာအယာတင်​ပြီး မိမိနဖူးအားဘယ်​ဘက်​လက်​နှင့်​စမ်းကာ

"ကိုယ်​​တော့မပူဘူး
ဘာလဲ ညီစိတ်​ညစ်​​နေတုန်းပဲလား "

ထပ်​ပြီး​ခေါင်းခါ​နေသူ​ကြောင့်
နေ​သွေးခန့်​အလိုမကျစွာမျက်​​မှောင်​ကျုံ့မိ​သော်​လည်း
လက်​​လျှော့လိုက်​ရ​တော့သည်​။

"ကျွန်တော့်​အတွက်​လက်​​ဆောင်​က
ဘယ်​မှာလဲ "

"ဒီမှာ "

အခန်း​ထောင့်​​​နေရာတွင်​​ထောင်​ထား​သော
Guitar အိတ်​အားညွှန်​ပြလျက်
ပြုံးကာကြည့်​​နေသူ

To My dearest.....(Completed!)Where stories live. Discover now