"ကာရန်​ !

"လပြည့်​ "

"ဘာဖြစ်​တာလဲ ကာရန်​ ? ဘယ်​လိုဖြစ်​လာတာလည်း ?

"​​​ကိုရှင်းနဲ့ ​တွေ့တယ်​ "

"ဟမ်​ သူလာပြီ​ပေါ့ "

"အင်း "

"ဘာဖြစ်​တာလဲ မင်းကို ဘာ​လုပ်​လိုက်​တာလည်း "

"ဘာမှမလုပ်​ဘူး ဒီတိုင်းသူ့ကို ​တွေ့လိုက်​လို့
အရမ်းစိတ်​လှုပ်​ရှား သွားတာ "

"ငါ​ပြောတယ်​ ကိုရှင်းနဲ့ မ​တွေ့​စေပါနဲ့ဆိုတာကို "

"မထင်​မှတ်​ပဲ ​တွေ့တာပါကွာ
အခု သက်​သာသွားပြီ "

"ကာရန်​ အဆင်​မ​​ပြေဘူး​နော်
သူနဲ့ဆက်​​တွေ့​နေရင်​ မင်းအတွက်​ ငါစိတ်​ပူတယ်​ "

"ငါ ဘာဆက်​လုပ်​ရမလဲ "

"သူ့​ဘေးနားက ထွက်​သွားလိုက်​ပါ "

"ဒါ​ပေမယ့်​ ငါ ငါ

"ဘာလဲ သူ့ဆီက ခွင့်​လွှတ်​မှုလား
အဲချိန်​ထိ ​စောင့်​​နေမယ်​ ဆိုရင်​ ၊ မင်းအသက်
ဘယ်​ချိန်​ထွက်​မလဲ မသိနိုင်​ဘူး​နော်​ ကာရန်
ခု​တောင်​ ​တွေ့ရုံ​လေးပဲ ရှိ​သေးတာ ခုလို ပုံစံဖြစ်​လာတယ်​ "

"......"

"ဘာအဓိပ္ပါယ်​လဲ လပြည့်​ ?? ကာရန်​မှာ ဘာ​တွေဖြစ်​​နေတာလဲ ??

ခွန်း !
သွားပြီ ခွန်း​တော့ ရိပ်​မိသွားပြီ !

"လပြည့်​ ကိုယ်​​မေး​နေတယ်​​လေ ၊ ကာရန်​မှာ ဘာဖြစ်​​နေတာလဲလို့ "

"...."

"ဘာမှမဖြစ်​ပါဘူး ခွန်းရဲ့ "

လိမ်​​နေတယ်​ ကာရန်​ရယ်​ ၊ ကိုယ့်​ကို မလိမ်​ပါနဲ့
မင်းတစ်​ခုခု ဖြစ်​​နေတာ ကိုယ်​သိ​နေတယ်

"တကယ်​ပါဆို ကျွန်​​တော်​ဘာမှမဖြစ်​ဘူး
နေ​ကောင်းတယ်​ ကြည့်​ "

"နှလုံး​ရောဂါ ! နှလုံး​ရောဂါ ဖြစ်​​နေတာ ကိုခွန်း "

"ဘာ ! နှလုံး​ရောဂါ ဟုတ်​လား "

တောင်းပန်​ပါတယ်​ ကာရန်​ ၊ မင်းသူငယ်​ချင်း​ကောင်း အ​နေနဲ့ ငါဆက်​ပြီး ဖုံးကွယ်​မထားနိုင်​​တော့ဘူး ၊ မင်းအတွက်​ပါ

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now