Part -21

3.4K 258 16
                                    

  သူမ နိုးလာသောအခါ လည်းတစ်စည်းပေါ်တွင်ရောက်နေသည်ကိုခံစားရသည် သို့သော် သူမမှာ အလွန်အားယုတ်နေပြီး စကားပင်မပြောနိုင်ချေ သို့သော် မျက်လုံးဖွင့်ပြီး ဘေးပတ်ဝန်းကျင်ကို လေ့လာနေလေသည် သူမရောက်နေသည်မှာ တောနက်တစ်ခုအတွင်းရောက်နေဟန်တူသည် နေရာတိုင်းတွင် သစ်ပင်ကြီးများကနေရာယူထားသည်  သူမထိုနေရာကို မှတ်မိလိုက်၍ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားလေသည် ထို နေရာမှာ သူမ အရင်ဘဝကပင် ဝင်ရန် မရဲခဲ့သော ငရဲတွင်းနက်ပင်ဖြစ်လေသည်

ထို အချိန်တွင် ဆူဆူညံညံအသံများကိုကြားလိုက်ရသည်
      သူမကိုခေါ်လာသည့် လှည်းအရှေ့တွင် အမည်းဝတ်လူနှစ်ဦးပေါ်လာလေသည် ထို အချိန်တွင် လည်းမောင်းသူမှာ ကြောက်လန့်တကြားနှင့်
   " ကျွန်တော် ခဗျားတို့ ပြောတဲ့ အတိုင်း မိန်းကလေးကို ဒီထိ ခေါ်လာပြီ လေ ကျွန်တော့်ကို လွှတ်ပေးပါဟု ငို ယို တောင်းပန်လေသည် "

သို့သော် အမည်းဝတ်လူနှစ်ဦးမှာရုတ်တရက် လှည်းပေါ်မှ လူအားအတွင်းအားဖင့် ဒဏ်ရာမရစေဘဲသတ်လိုက်သည် ထိုအချိန်တွင် ရှင်းဖေးလည်း လန့်သွားသည်  မြေကြီး အဆင့်သိုင်းသမားများသာလျှင် အတွင်းအားဖြင့် ဒဏ်ရာမရဘဲ သတ်နိုင်ခြင်းဖြစ်သည် သို့ သော် သာမန်သိုင်းမတတ်သောလူများအပေါ်တွင်သာ အလုပ်ဖြစ်သည်  မည်သို့ပင်ဆိုစေကာမူ ထိုလူနှစ်ဦးမှာ မြေကြီးအဆင့်သိုင်းသမားဖြစ်၍ သူမ၏ အရင် ဘဝမှတ်ဉာဏ်များနှင့် ပင် ထိုသူနှစ်ယောက်ကိုအနိုင်မယူနိုင်ပေ

ထိုသို့စဉ်းစားလိုက်သည်နှင့် အလွန်ဝမ်းနည်းသွားလေသည် သူမသည် ခက်ခက်ခဲခဲအသက်ပြန်ရှင်လာပြီးမှ အဓိကလူ ကို လက်စားမချ နိုင်ဘဲ သေဆုံးရတော့မယ် သူမထိုအရာကို လုံးဝလက်မခံနိုင်ချေ 

ထို အချိန်တွင် အမည်းဝတ်လူနှစ်ဦးမှာ စတင်လှုပ်ရှားလာလေရာ သူမ ခန္ဓာကိုယ်ရှိသွေးများပင် ဆူပွက်လာသကဲ့ သို့ခံစားရလေသည် ထို သော် ထိုလူနှစ်ဦးကသူမထင်မထားသော အရာတစ်ခုကိုလုပ်လိုက်လေသည်   ထို နှစ်ဦးကသူအကို မသက်ပဲ အသက်မဲ့နေသော လှည်းမောင်းသူကို တင်ကာ လှည်းဖြင့် ရှေ့ဆက်သွားလေသည်
 
ထို အချိန်တွင်မှ သူမသေချာကြည့်မိသည် သေဆုံးသွားသော လည်းသမားသည် အလွန်ချောမောသော မျက်နှာရှိသည့်အပြင် အသက်မှာလဲ အလွန်ဆုံးမှ ၂၅လောက်ပဲ ရှိဦးမည် ဖြစ်သည် ထို အချိန်ထိ ရှင်းဖေးမှာ သူမကိုလုပ်ကြံချင်သူ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်သေးချေ ထို အချိန်တွင်ပင် လှည်းရပါသွားပြီ အမည်းဝတ် လူတစ်ဦးမှာ စာရွက်တစ်ရွက်နှင့် ဓားတို တစ်ချောင်းကို ထုတ်လိုက်လေသည် 

ရှင်းဖေးမှာ ထို စာကို ဖတ်ပြီးမှ သူမကိုလုပ်ကြံချင်သူ၏ အကြံကို လုံးစေ့ပတ်စေ့ နားလည်ကာ ချီးကျူးလိုက်မိသည်
ထို စာမှာ အမှန်ပင် သေတမ်းစာဖြစ်သည် ထို စာတွင်းရေးထားသည်မှာ
 
'ကျွန်တော် ကျန်းဝမ်ရှူးသည် လွန်ခဲ့သော နှစ်ဝက်ခန့်မှစ၍ မင်းသမီး ဝမ်ဟေဖုန်းနှင့် မေတ္တာမျှခဲ့ပါသည် လက်ထပ်ရန်လည်း နှစ်ဦးသဘောတူတိုင်ပင်ပြီး လည်းဖြစ်၍ ကျွန်တော့်မှာ စီးပွားကို အပတ်တစ်ကုတ်ရှာဖွေပြီး မြို့တော်သို့ပြန်လာစဉ် ချစ်သူဖြစ်သူ အသတ်ခံလိုက်ရသော သတင်းကိုကြားပြီး လွန်စွာ ဒောသဖြစ်ရပါသည် ဝမ်ရှင်းဖေးဆိုသော မကောင်းဆိုးရွားမက ကောင်းမွန်စွာ အသက်ရှင်နေကြောင်းသိရသောအခါ ကျွန်တော့် နှလုံးသွေးများပင် ဆူပွက်လာသကဲ့သို့ ခံစားရပါသည် ဒာကြောင့် မိုးကောင်းကင် ကိုယ် စား အပြစ်မဲ့သူများအတွက် ကျွန်တော် ကျန်းဝမ်ရှူးကိုယ်တိုင် ဒီ မိစ္ဆာမအား ငရဲတွင်းနက်ထဲ ပြစ်ချ ၍ အပြစ်ပေးခဲ့ပါသည် ဒီလုပ်ရပ်ကိုလဲ ကျွန်တော့် အသက်နှင့်ပြန်၍ ပေးဆပ်ခဲ့ပါသည်  လောကကြီးတွင် အမှန်တရားစိုးမိုးပါစေလို့ ဆုတောင်းခဲ့ပါတယ်'

  ဟုပင်ဖြစ်လေသည် ရှင်းဖေးမှာ ထိုစာရေးသူကို ချီးကျူးလိုက်မိသည် ထို သေတမ်းစာတွင် သူမကို သတ်ချင်ရတဲ့ အကြောင်းအရင်းကို ဟာကွက်မရှိ ရေးသားထားသည် ထို့နောက်တွင်တော့ သူမ ထင်ထားသလိုပင် ထို ကျန်းဝမ်ရှူးဆိုသူ၏ နှလုံးကို ဓားနှင့် ထိုးကာ မိမိ ကိုယ်ကို သက်သေသကဲ့ သို့ နေရာချ ထားလီုက်သည်
ထို့နောက် သူမဘက် လှည့်လာသဖြင့် မျက်လုံးအမြန် မှိတ် ကာ စောင့်နေလိုက်သည်
  ထို့နောက်သူမထင်ထားသကဲ့သို့ပင် သူမအားငရဲ တွင်းနက်အတွင်းပြစ်ထည့်ကာ ထွက်ခွာသွားလေတော့သည်
~~~~~~~~~~~~~~~~~~~~~
Double updateနော်😒
ဖတ်မရရင် ရော ဖတ်ရရင် ရော ပြောကြပါလို့
❤️❤️

ရှင်းဖေး (Dropped)Tempat cerita menjadi hidup. Temukan sekarang