part-4:မျက်နှာဖုံးအောက်ကနတ်သမီးလေး-၂

5.4K 600 7
                                    

ထိုစဉ် တစ်ချိန်လုံးတိတ်ဆိပ်နေခဲ့သောမိဖုရားခေါင်ကြီးကဝင်၍
"ဖေးအော် သမီး မယ်တော်သမီးလေးကို လိုချင်တာမှန်သမျှ ဖြစ်စေခဲ့တယ် အလိုလဲလိုက်ခဲ့တယ် ဒီတစ်ခါတော့မယ်တော်လဲကန့်ကွက်ရလိမ့်မယ် ဒါက ကစားစရာမဟုတ်ဘူး နတ်ဆရာမဆိုတာ သမီးအဖွားတော်ယုံကြည်ရတဲ့သူ သူ့ကိုထိတာ အဖွားတော်ကိုထိတာနဲ့အတူတူပဲ အခပ်မသင့်လို့ အဖွားတော်အမျက်တော်ရှရင် အသက်တောင်ဆုံးရှုံးနိုင်တယ် မယ်တော်နဲ့ခမည်းတော်လဲ ဘာမှတက်နိုင်မှာမဟုတ်ဘူး သမီးတော်ကိုစိတ်လျှော့စေချင်တယ်"
ခမည်းတော်ကလည်းဝင်ဖြောင်းဖြလေသည်
တော်ဝင်မွေးနေ့ပွဲအတွင်းရှိလူတိုင်းကလည်း ခေါင်းတစ်ခါခါဖြစ်နေသည်
ထိုစဉ်သူမကအသံတိုးတိုးဖြင့် "လင်းယွီ"
"အမိန်ရှိပါ မင်းသမီးလေး"
"ငါယူလာခိုင်းတဲ့ဓားပေးစမ်း"
"ဟုတ်ကဲ့"လင်းယွီလည်း သူမကိုတခြားသူမမြင်အောင် ပေးလိုက်သည်
လက်ထဲသို့ဓားရောက်လာသည်နှင့်တစ်ပြိုင်နက် ဓားအိမ်ထဲမှဆွဲထုတ်၍ လည်ပင်းမှာထောက်လိုက်သည်
"ခမည်းတော် မယ်တော် သမီး ကိုယ်ရခဲ့တဲ့သတင်းအပေါ် ယုံကြည်မှုအပြည့်အဝရှိပါတယ် အသက်နဲ့ရင်းပြီးအာမခံပါတယ် သမီးပြောခဲ့တာတစ်ခုခုမှားသွားလည်း သမီးတော် အသက်နဲ့ပြန်ပေးဆပ်ပါမယ် နတ်ဆရာမကြီးကိုလဲဖမ်းဆီးထားပြီးပါပြီ နောက်ပြန်လှည့်ဖို့လမ်းမရှိတော့ပါဘူး သမီးတော်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါ"
လူတိုင်းထိတ်လန့်သွားပြီးပါးစပ်အဟောင်းသားဖြစ်နေသည်
မင်းကြီးလည်းထိတ်လန့်သွားသည် သူ့သမီးကပြောရင်ပြောသလိုလုပ်တတ်သူဖြစ်ကြောင်းသူကောင်းကောင်းသိသည် မိဖုရားကြီးမှာလဲ ပါးစပ်ပင်မဟနိုင်ပေ နောက်ဆုံးတော့မင်းကြီးလည်းအလျှော့ပေးကာ
"သမီးတော် ဒီလောက်ဆုံးဖြန်ချက်ခိုင်မာနေရင်လည်း ခမည်းတော် မတားတော့ဘူး ဒါပင်မဲ့ အမှားတစ်ခုလုဖြစ်သွားရင်ပြဲဖစ်ဖြစ် ဒီနေ့မကူးခင်မိုးမရွာရင်ဖြစ်ဖြစ်သမီးအကျိုးဆက်ကိုခံစားရမယ် သမီးတော်ကိုသေချာဆုံးဖြတ်စေချင်တယ်"
ကျေးဇူးကြီးမြတ်လှပါတယ်ခမည်းတော် သမီးတော်နောင်တမရပါဘူး"
ထိုသို့ဆိုကာမျက်နှာဖုံးချွတ်လိုက်သည်နှင့်တစ်ပြုင်နက်
"ခွမ်...."
"ဖလူး..... အဟွတ်အဟွတ် ..."
"ချလွမ်......"
စသည့်အသံများဖြင့်ခန်းမတစ်ခုလုံးဆူညံသွားသည် ဖန်ခွက်ကျကွဲသူကကွဲ
သေရည် တွေ ထွေးထုတ်မီပြီးသီးကုန်သူကသီး နှင့် အလွန်ရုပ်တည်၍ခံစားချက်ကင်းမဲ့သော သက်တော်စောင့်များပင် သတိလက်လွတ်နှင့် ဓားတွေပြစ်ချမိကုန်ကာ သူတို့ရှေ့မှ နတ်သမီးလေးကိုမယုံကြည်နိုင်စွာကြည့်နေမိသည် အချိုကြမူပါးစပ်အဟောင်းသားနဲ့အသက်ပင်မရှူတော့ချေ အချိန်အတော်ကြာ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားလေသည်
ထိုစဉ် "မိဖုရားကြီးကြွလာပါတယ်"

ရှင်းဖေး (Dropped)حيث تعيش القصص. اكتشف الآن