Part-15

4.3K 456 8
                                    

ဝမ်ဟေးဖုန်းလဲ ဝမ်လျှိုချန်ကိုတွဲကာ ရှင်းဖေးအိမ်မှ ထွက်လာပြီးပြီးချင်းလျှိုချန်ကိုသမားတော်ချီပင်မပို့ဘဲ သူမတို့၏အမေဖြစ်သော မိဘုရားလျံဆီသွားကာ ဖြစ်သမျှကိုလျှောက်တင်လေသည် မိဘုရားလျှံလဲဒောသထွက်တာ

"ငာကမင်းတို့နှစ်ယောက်ကို ရှင်းဖေးဆီသွားပြီးပညာပြခိုင်းတာကို မင်းတို့ကဒီလိုဖြစ်လာတယ်ဆိုတာကြားလို့မှကောင်းသေးရဲ့လား သိုငါးပညာမတက်တဲ့၁၄နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုတောင်မနိုင်ဘူးဆိုတာ မဖြစ်သင့်ဘူး ပြီးတော့ ဒီဒဏ်ရာသေးသေးလေးလောက်နဲ့ ရှင်းဖေးက်ုလဲ အပြစ်ပေးအောင်တောင်းဆိုလို့မရဘူး ဘယ်လိုပဲဖြစ်ဖြစ်သူက မိဘုရားခေါင်ကြီးရဲ့ သမီးဖြစ်နေသေးတယ် ဒီအတွက် မင်းတို့နှစ်ယောက်လုံး ကိုယ့်အပြစ်ကိုသိရင် အပြစ်ပေးခန်းသွားပြီး ဒူးထောက်နေပါ ငါရပြီလို့မပြောမချင်း အပြင်ထွက်မလာနဲ့"

ထိုအခါ ဝမ်ဟေးဖုန်းရော ဒဏ်ရာရနေသောဝမ်လျှိုချင်းပါ ငိုချင်သွားသည် သို့သော် ကောက်ကျစ်ပြီး အနည်းငယ် ဉာဏ်ကောင်းသောဝမ်ဟေးဖုန်းက
"မယ်တော် သမီးစဉ်းစားထားတာတစ်ခုရှိတယ် တစ်ကယ်လို့သာ ရှင်းဖေးက လျှိုချင်းကို အပြင်းအထန်ဒဏ်ရာရစေတယ်လို့ မိဘုရားခေါင်ကြီးကသိသွားရင် သေချာပေါက် သူမကိုအပြစ်ပေးမှာပဲ သေဒဏ်မပေးနိုင်ရင်တောငါသမီးတို့ကသူ့ကို သေမင်းတွင်းနက်ထဲ ပို့ဖို့ ဖိအားပေးရမယ် သေမင်းတွင်းနက်ထဲဝင်တာနဲ့ သူမသေချာပေါက် အသက်ရှင်လျှက်ပြန်ထွက်မလာနိုင်ဘူး"ဟု ပြုံးလျှက်ပြောသည်

မိဘုရားလျှံလဲ ထိုအကြံကိုသဘောကျကာ
"ကောင်းပြီ မင်းတို့ကို ဒီတစ်ခါတော့အပြစ်ကိုကျေအေးပေးမယ် ဒာပေမဲ့ မိဘုရားခေါင်ကြီးကလွယ်လွယ်နဲ့သဘောတူမှာမဟုတ်ဘူး ဒီတော့ လျှိုချန်ကနဲနဲတော့ အနစ်နာခံပြီး တကယ်ကိုဒဏ်ရာအပြင်းအထန်ရသွားမှဖြစ်မယ် လျှိုချန် မင်းသဘောတူလား"

လျှိုချန်မှာ သိပ်သဘောမကျသော်လဲ ရွေးချာ်စရာမရှိချေ သူမအမေဘယ်လောက်ရက်စက်လဲ သူမသာသိသည် သူမကို အသေသတ်မပြစ်တာပင် ကျေးဇူးတင်စရာကောင်းနေပြီဖြစ်သည် ထို့ကြောင့်

ရှင်းဖေး (Dropped)Where stories live. Discover now