Part-12

4.5K 480 12
                                    

ရှင်းဖေးစားဖိုဆောင်သို့သွားရာလမ်းတစ်လျှောက်တွင်အစေခံများအစ အစောင့်ရဲမတ်များပါ ရှင်းဖေးကိုပေါ်တင်တစ်မျိုး ခိုးပြီးတစ်ဖုံ သူမအလှတွင်နစ်မျောနေကြသည်
ရှင်းဖေးလဲ မသိချင်ယောင်ဆောင်ကာလျှောက်လာရင်း စားဖိုဆောင်သို့ရောက်လာသည် ရှင်းဖေးရောက်လာတာကိုမြင်သေညစားဖိုဆောင်မှ အစေခံအားလုံးထိတ်ထိတ်ပျာပျာဖြစ်ကာ အစေခံခေါင်းဆောင်မိန်းမကြီးက ထွက်လာကာ
"မင်းသမီးလေး ဘာများအလိုရှိခို့လဲ"ဟု ကြောက်ကြောက်လန့်လန့်မေးရှာသည် သူမကြောက်မည်ဆိုလဲကြောက်စရာပင်
ရှင်းဖေးသည် နန်းတွင်းနန်းပြင်မက အခြားနိုင်ငံများအထိပင် ရုပ်ဆိုးသောသူ စိတ်ထားရုတ်ညံ့သောသူ ဦးနှောက်မရှိသောသူ ဒောသကြီးသောသူ ယောကျာ်းတွေ့လျှင်မနေတတ်မထိုင်တတ်သောသူ ဟုသတင်းမွှေးသောကြောင့်ဖြစ်သည်

(Ps:ဖေးဖေးအစွမ်းအံ့မခမ်း😂😂)

ထို့ကြောင့် ရှင်းဖေးမှာ ယခုစာဖိုဆောင်သို့ကိုယ်တိုင်လာရောက်ခြင်းမှာ ကောငါးသောစိတ်ဖြင့်မဖြစ်နိုင်ဟုတွေးကာ သေမိန့်ချခံရမည်လူလို့ကြောက်ရွံနေကြခြင်းဖြစ်သည်
ထို့သို့ကြောက်လန့်နေကြချိန်တွင် ရှင်းဖေးက အချိုသာဆုံးပြုံးလျှက်
"အာ ဘာမှမလိုအပ်ပါဘူး ကျွန်မစားဖို့  စားစရာလာပြင်တာပါ"
ထိုအခါ စားဖိုဆောင်အတွင်းရှိအစေခံများမှာ ရှင်းဖေးသည် မီးဖိုဆောင်သည်ယုံကြည်လို့မရ၍ သူမကိုယ်တိုင် စားစရာလာပြင်ရသည်ဟု သွယ်ဝိုက်ပြောလိုက်သည်ထင်ကာ သေမိန့်ကျသလိုခံစားလိုက်ရကာ အနီးနားရှိအစောင့်များမှာလည်း မသိမသာ ရှောင်ဖယ်သွားကြသည်
စားဖိုဆောင်ခေါင်းဆောင်မှာဆို ချောက်ထဲပြုတ်ကျသွားသလိုခံစားရကာ မျက်ရည်များကျလျှက် ဒူးထောက်ကာ
"မင်းသမီးလေး အပြစ်မယူပါနဲ့ ဘုရားခေါင်ကြီးက 'ပျော်ရွှင်မှုတစ်ထောင်'ဟင်းပွဲ မင်းသမီးလေးကိုချီးမြှင့်ကြောင်းမိန့်ဆိုထားတာကို လို့မလုပ်မိတာကိုလည်းတောင်းပန်ပါတယ် အမျက်တော်မရှပဲ သေဒဏ်မှကင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ် "
မီးဖိုဆောင်မှအစေခံများကလည်း ငိုယို ကာ ခွင့်လွှတ်ပေးရန်တောင်းဆိုကြသည်
ထိုအခါရှင်းဖေးမှာ ကြောင်တောင်တောင်ဖြစ်ကာ
"နေကြပါဦးဟ ငါဉာဏ်မမှီတော့ဘူး ငါ့ဘာသာငါ အရင်ဘဝကကိုယ်စားမဲ့ဟာ ကိုယ့်ဟာကို လုပ်စားရလို့ အကျင့်ပါပြီးပြောမိတာလေ နင်တို့ကဘာလို့ရုတ်တရက်ကြီး ဒူးထောက်ငိုပြီးမသက်ဖို့ပြောနေတာတုန်း "
ထိုသိုရှင်းဖေးမှာတွေဝေနေစဉ်
အစေခံခေါင်းဆောင်က ဟင်းပွဲအကြောင်းစဉ်းစားနေသည်ထင်၍
"မင်းသမီးလေး 'ပျော်ရွှင်မှုတစ်ထောင်' ဟင်းလျှာက နိုင်ငံ့ထိပ်တန်းဟင်းလျှာဖြစ်သည့်အပြင် ရိုးရိုးစားစရာမဟုတ်ပါဘူးဒီဟင်းလျှာမှာ အဆင့် 3သားရဲ၏အသားအဓိကပါဝင်ပြီး ထိုသားရဲ၏အမြုတေနဲ့အလှဆင်ထားခြင်းဖြစ်ပါတယ် ဒါ့ကြောင့် ဒီဟင်းလျှာကိုစားလျှင် ကျင့်စင်စွမ်းအင်ကို လျှင်မြန်စွာတိုးလာစေမည်ဖြစ်ပါတယ်"

ရှင်းဖေး (Dropped)Where stories live. Discover now