Part-20

3.1K 235 15
                                    

မိဘုရားလျံမှာ ရုန်းကန်နေရင်းနဲ့ပင် အအေးနန်းဆောင်သို့ရောက်လာပြီဖြစ်သည် သို့သော် အအေးနန်းဆောင်ထဲမဝင်ခင်မှာပင် အမည်းရောင်ဝတ်လူနှစ်ယောက်ရောက်လာပြီး မိဘုရားလျံအားခေါ်လာသည့် အစောင့်နှစ်ယောက်ကို မေ့ကြောရိုက်ကာ

"မယ်တော်ကြီးက မယ်မယ့်ကို အခေါ်တော်လွှတ်လိုက်ပါတယ် "ဟုဆိုကာ မိဘုရားလျံအား ခိုးကြောင် ခိုးဝှက်နှင့်ပင် မယ်တော်ကြီး နန်းဆောင်သို့ခေါ်သွားလေသည်

မိဘုရားလျံမှာမယ်တော်ကြီးနန်းဆောင်ရောက်သည်နှင့် ပါးတစ်ဖက်မှာ ဆူးကနည်းဖြစ်၍ မယ်တော်ကြီး၏ ပါးရိုက်ခြင်းခံလိုက်ရသည်  မိဘုရားလျံမှာ အံ့သြမင်သက်ကာ သူမပါးကို လက်ဖြင့်ကိုင်ကာ မျက်ရည်များကျလာလေသည် သူမအဒေါ်(မယ်တော်ကြီး)သည် သူမကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်ခင်ကြင်နာခဲ့သူဖြစ်၍ ယခုလိုကြမ်းကြမ်းတမ်းတမ်း အရိုက်မခံရခဲ့ဖူးချေ

      မယ်တော်ကြီးမှာ သူမတူမ၏မျက်ရည်များကိုတွေ့သော်လည်း ဒောသမထိန်းနိုင်ပဲ
      "ငါ နင့်ကို ကိုယ့်စိတ်ကိုယ်ထိန်းပါလို့ အရင်ကတည်းကမပြောခဲ့ဖူးလား ရှင်းဖေးဆိုတဲ့မြေခွေးမကအခုအချိန်မှာ တုံးအနေပင်မဲ့ ဉာဏ်ရှိလာတဲ့တစ်နေ့ ငါတ်ု့ကို သူ့အဆင့်အတန်းနဲ့ ဖိနှိပ်တော့မယ်ဆိုတာ ငါနင့်ကို အတန် တန် သတိပေးခဲ့တယ် အခုကိစ္စမှာလဲ တစ်ကယ်ဆို ရှင်းဖေးကို အပြတ်ရှင်းပြစ်နိုင်မဲ့ အခြေအနေမှာ ရှိနေပင်မဲ့နင့်ရဲ့ မဆင်မချင်လုပ်မှုကြောင့် ပျက်စီးသွားရတဲ့အပြင် ငါမကယ်ရင်နင်တောင်ဘဝ ပျက်တော့မလို ဖြစ်သွားသေးတယ်မို့လား အခုချက်ချင်းနေ့မကူးခင် ရှင်းဖေးကို ဘယ်လိုရှင်းထုတ်ရမလဲ စဉ်းစား အကြံမထွက်လို့ကတော့ နင် အအေးနန်းဆောင်ပြန်သွားရမယ်ပဲမှတ်" ဟု နန်းတွင်းသုံး ယဉ်ကျေးသည့် အသုံးများကိုပင် မသုံးနိုင်ပဲ ဒောသတကြီး အော်ဟစ်လိုက်လေသည်

   ထိုအခါ မိဘုရားလျံလည်းကြောက်လန့်ကာ အခန်းတွင်းမှ ပြေးထွက်ကာ သူမနန်းဆောင်ထဲတွင် ရှင်းဖေးအား ရှင်းထုတ်ရန်ကြံစည်နေလေသည် သူမစိတ်ထဲတွင်လည်း
   "ငါ အအေးနန်းဆောင် ရောက်သွားလို့မဖြစ်ဘူး ငါ ငါ့သမီးနှစ်ယောက်ရဲ့ အသက်ကိုရင်းပြီးတောင် ကြိုးစားထားသမျှတွေ သဲထဲရေသွန် ဖြစ်သွားလို့မရဘူး"ဟု တွေးကာ အကောက်ကြံရန် အပြင်းအထန်ကြိုးစားနေလေသည်

သို့သော်အကြိမ်ပေါင်းမရေမတွက်နိုင်မောင် သူတပါးကို ဒုက္ခပေးခဲ့သူဖြစ်၍ များမကြာမှီပင် သူမအခန်းအတွင်းမှ အပြုံးတစ်ခု ချိတ်ဆွဲကာ မယ်တော်ကြီးအဆောင် အတွင်းသို့ ထွက်သွားလေသည်

————-
ထိုအချိန်တွင် ရှင်းဖေး၏နန်းဆောင်မှာတော့ တိတ်ဆိတ်င်ြမ်သက်နေလေသည် သူမကမိဘုရားလျံကို အနိုင်ပိုင်းလိုက်ရ၍ စိတ်ကျေနပ်နေလေသည် မိဘုရားလျံက အမတ်များပင်ခေါ်ကာ မိမိ ကို ချောက်ချရန်လာသော်လည်း  သူမ ကိုပင်ပြန်၍ အပြစ်ပေးနိုင်လိုက်ရာ မိဘုရားလျံ၏မျက်နှာကို ဖြတ်ရိုက်လိုက်ရသကဲ့သိုပင် အရသာရှိလှ သည် အရင်ဘဝက သူမကိုဒုက္ခပေးခဲ့သော ညီအမနှစ်ယောက်လဲ သေပြီ မိဘုရားလျံကလဲ အအေးနန်းဆောင်ရောက်နေပြီဖြစ်သဖြင့် သူမမှာ ယခုအချိန်တွင် အလွန် စိတ် ကျေနပ်နေပေးသည် 

ထိုအချိန်တွင် အစေခံမလေးများက ရေခ်ျုးရန် အသင့်ဖြစ်ကြောင်းကို အကြောင်းကြား သဖြင့် ရေချိုးကန်သို့သွားကာ ရေကန်အတွင်း သီချင်းတအေးအေးနှင့် ရေချိုးနေလေသည် သို့သော် တစ်ဖြည်းဖြည်းချင်း အမြင်အာရုံများ ဝေဝါးလာ၍ တစ်ခု ခုဖြစ်နေပြီ ဖြစ်ကြောင်းသတိထားမိ၍ ရေကန်အတွင်းမှ ထွက်ကာ အင်္ကျီ အမြန် ဝတ်၍ အတွင်းအား ကို ထုတ်ဖော်ထားလိုက်သည်

ထို အချိန်တွင်ပင် ရှင်းဖေးမှာ မျက်စိမျက်နှာ ပျက်သွားလသည် သူမ၏ အတွင်းအားများကို လုံးဝ ထုတ်ဖော်၍မရသည့် အပြင် တဖြည်းဖြည်း မက်တက်ရပ်ရန်ပင်ခက်ခဲလာသည် အစောင့်များကိုခေါ် ရန် အားပင် မကျန်တော့ အောင် အားယုတ်လာပြီး အမြင်အာရုံများ အမှောင် ကျသွားလေသည်
~~~~~~~~~~~~~~~~~~~~~~~
ဇော်ဂျီနဲ့ Unicode ကြားမှာ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်
အခုတင်တဲ့ စာကို မမြင်ရရင် ပြောခဲ့ပါနော် တစ်ခုခု စဉ်းစားပေးပါ့မယ်
ဒီနေ့ double update ပေးမယ်နော် ❤️❤️
#oct9 2019

ရှင်းဖေး (Dropped)Onde histórias criam vida. Descubra agora