Part-13

3.9K 456 5
                                    

ရှင်းဖေး ဟင်းပွဲကိုစောင့်နေစဉ် အစေခံများမှာဟင်းပွဲကို လာပို့လေ သည်
ရှင်းဖေးလည်းဟင်းပွဲကိုပျော်ရွှင်စွာဖြင့်လှမ်းကြည့်လိုက်စဉ် အလွန်အံ့သြသွားပြီး အစေခံများကို မေးလိုက်သည်
   "ဒီမှော်သားရဲ ရဲ့အသားကိုဘယ်သူ အမဲလိုက်ထား တာလဲ"
    အစေခံများကလည်း
  "မင်းသမီးလေးကိုလျှောက်တင်ပါတယ်  ဒီမှော်သားရဲက အမဲလိုက်ထားလို့ရလာခြင်းမဟုတ်ပါဘူး မုဆိုးတွေတောထဲသွားရင်းတွေ့လာလို့ လေလံအိမ်ကိုရောင်းရာက ဘုရင်မကြီးကမင်းသမီးလေးအတွက်လေလံဆွဲခဲ့တာဖြစ်ပါတယ်"
    "ဒာဆို ဒီအသားကို အဆင့်၃မှော်သားရဲပောက်ဈေးအတိုင်းဝယ်လာတာပေါ့"
  "ဟုတ်ပါတယ်မင်းသမီးလေး"
  ရှင်းဖေးလဲ အံ့သြပျော်ရွှင်စွာနဲ့
"ရပြီ နင်တို့အကုန်ထွက်သွားတော့ ၃ရက်တိတိ ငါ့အခန်းထဲဘယ်သူမှဝင်မလာစေနဲ့"
   အစေခံများလဲ အူကြောင်ကြောင်နဲ့ထွက်သွားလေသည်
ရှင်းဖေးလဲ ပျော်ရွှင်နေသော မျက်လုံးများနှင့် သူမ၏ တခြားသူတွေ အဆင့်၃သားရဲဟုထင်နေသော နတ်ဘုရားသားရဲကြီးကိုကြည့်ကာ ဝမ်းသာပီတိ ဂွမ်းဆီထိနေတော့သည်
    နတ်ဘုရားသားရဲဆိုသည်မှာ မှော်သားရဲ များမှဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်သည် သို့သော် နတ်ဘုရားသားရဲများမှာ ကမ္ဘာပေါ်တွင် ဆယ်ဂဏန်းမျှသာရှိသည် ထို့အပြင် နတ်ဘုရားသားရဲများမှာ မွေးရာပါစွမ်းရည်အဖြစ် ကမ္ဘာမြေကြီး၏ အခြေခံ ဓာတ်ကြီး ငါးပါးကိုပိုင်ဆိုင်ကြသည့် ထို့ကြောင့် နတ်ဘုရားသားရဲကိုသတ်ရန်မှာ ကောင်းကင်ကိုလှေကားထောင်တက်သကဲ့သို့ ခက်ခဲလေသည်
  ထို့အပြင် နတ်ဘုရားသားရဲတွင် အခြားမှော်သားရဲများနှင့်မတူသည့် အဓိကအားသာချက်ရှိသည် ထိုအရာမှာ သူ့အသားနှင့်အမြုတေဖြစ်သည် သူ့အသားကိုစားလျှင် စွမ်းအင်အဆင့်ကိုခုန်ပေါက်တက်သွားစေရုံသာမက သူတို့၏မွေးရာပါစွမ်းရည်ဖြစ်သည့် ဓာတ်ကြီးငါးပါးကိုထိမ်းချုပ်နှိုင်မည် ဖြစ်သည် ဓာတ်ကြီးငါးပါးကိုထိမ်းချုပ်ခြင်းဆိုသည်မှာ ကမ္ဘာပေါ်ရှိဓာတ်အားလုံးကို ထိမ်းချုပ်နိုင်မည့် မှော်ဆရာဖြစ်လာနိုင်မည်ဟုသော အဓိပ္ပာယ်ဖြစ်သည် ထိုသို့သော မှော်ဆရာမှာကမ္ဘာပေါ်တွင်နှစ်ပောင်း၁၀၀၀ အတွင်းပေါ်ထွက်လာခြင်းပင်မရှိသေးပေ နတ်ဘုရားသားရဲ၏အသားတွင်ထိုသို့အကျိုးများစွာရှိသော်လည်း အဓိက တန်ဖိုးအရှိဆုံးမှာ သူ၏အမြုအတေဖြစ်သည် ထိုအမြုတေထဲတွင် မဆုံးနိုင်သောအလွန်သန့်စင်သည့်စွမ်းအားများပါဝင်ပြီး အခြားမှော်သားရဲ အမြုအတေ အခု တစ်သောင်းစာနှင်ညီမျှလေသည် ရှင်းဖေးမှာ ထို အရာနှစ်ခုအားကြည့်ကာ မျက်လုံးများအရောင်တလက်လက်နှင့် အနာဂတ်ကိုကြိုတွေးကာအပျော်ကြီးပျော်နေသည်
~~~~~~~~~~~~~~~~~~~~~~
နောက်ကျသွားတာsorryပါ😬😬
Keyboard ကMyanmar ဖောင့်ပျက်သွားလို့တိုင်ပတ်သွားတယ်😬😢

ရှင်းဖေး (Dropped)Where stories live. Discover now