Part-19

3.4K 378 14
                                    

သူမအခန်းအတွင်းသို့ဝင် ဝင်ချင်းပင် ဒောသတကြီးမျက်နှာနှင့်သူအဘက်တော်သား အမတ် များနှင့်စောင့်နေသောမိဘုရားလျံကိုတွေ့လိုက်ရသည် သူမကရှင်းဖေးကိုတွေ့သည်နှင့်တစ်ပြိုက်နက်လက်ညှိုးကောက်ကောက်ထိုးကာ

"မိစ္ဆာမ နင်ဒီလောက်သတ္တိရှိလိမ့်မယ်လို့ထင်မထားဘူး နင်က ငါ့သမီးနှစ်ယောက်ကိုမနေ့ကလုပ်ကြံလိုက်တယ်ဆိုတာ ငါသိပြီးပြီ နင်ဒီလောက်ရုတ်မာမယ်လို့ငါထင်မထားဘူး နင့်ကိုငါ ဒီနေ့တော့ ငရဲပို့ပြစ်မယ်" ဟုဒောသတကြီးဆိုလေသည်

ရှင်းဖေးလည်းသူမ၏သရုပ်ဆောင်ချက်ကိုအနည်းငယ်ပင်အထင်ကြီးသွားသည် ထို့နောက် အေးစက်စက်ပြုံး၍
"မိဘုရားလျံမှာလာသက်သေများရှိလို့ဒီလိုလာပြီး စွတ်စွဲနေတာလဲသိပါရစေ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မက မိဘုရားခေါင်ကြီးကမွေးတာဖြစ်တဲ့အတွက် အိမ်ရှေ့စံထက်တစ်ဆင့်ပဲနိမ့်ပါတယ် ဒာကြောင့် ရှင့်လို အဆင့်နိမ့် ကိုယ်လုပ်တော်လောက်က ကျွန်မကို ဒီလိုမိုက်မိုက်ရိုင်းရိုင်းတွေ ဆဲဆိုနေတာဟာ ပြစ်မှုသင့်တယ် မထင်ဘူးလား အမတ်ကြီးတို့ "

သူမပြုံး၍မေးလိုက်လျှင် မိဘုရားလျံမှာဆွံအသွားလေသည် အမတ်ကြီးများမှာလည်း ဘာလုပ်လို့ဘာကိုင်ရမည်မသိပေ ထိုအရာက အစဉ်အလာပင်ဖြစ်လေသည် သို့သော် သူမအသိပြန်မဝင်လာခင်မှာပင် ရှင်းဖေးက
"အစောင့်တွေ လာကြစမ်း"
"ဟုတ်ကဲ့အမိန့်ရှိပါ မင်းသမီးလေး"

"ဒီအဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်က ငါတော်ဝင်မင်းသမီးကို ဆဲဆို ကြိမ်းမောင်း နေတယ် အခုနန်းတွင်းထဲမှာ ခမည်းတော်ရော မယ်တော်ရော အိမ်ရှေ့စံရော မရှိတဲ့အတွက် ဒီနေရာမှာ ငါ အကြီးဆုံးဖြစ်တယ် ဒီ မိုက်မဲတဲ့ကိုယ်လုပ်တော်ကို ငါကိုယ်တိုင်အပြစ်ပေးမယ် သူမကို ဒီနေရာကနေ ဆွဲထုတ်သွားပြီး အအေးနန်းဆောင်မှာ ၃လတိတိပိတ်ထားမယ် ငါ့အမိန့်မရပဲ ဝင်ရဲတဲ့သူရှိရင် တစ်ဆွေလုံး တစ်မျိုးလုံးကို ကွတ်မျက်ပြစ်မယ် " သူမကစကားလုံးတစ်လုံးစီကို ဖြေးဖြေးချင်း အေးစက်စွာ ပြောသွားချင်းဖြစ်သော်လည်း ဘေးနားရှိလူတိုင်း စိတ်နှင့်လူနှင့်မကပ်ဖြစ်သွားသည် ထို့ကြောင့်သူမက

ရှင်းဖေး (Dropped)Where stories live. Discover now